"ဗျာ"
သူ့က သူပြောလိုက်တဲ့စကားကို ဂုတ်ပိုးလေးပွတ်ပြီး
ရှက်ရယ် ရယ်နေတယ်။နေပါအုံး သူ့ပြောလိုက်တာ
ဘာလဲ ငါများ နားကြားမှားတာလား။"အကို ခုနတုန်းက ဘာပြောလိုက်တာ "
မသိလို့ပြန်မေးလိုက်တာကို လာပြီး လူကို သွားတိုက်ဆေးလာကြောငြာနေတယ်။တကယ်ဘဲ ဘယ်လို့လူလည်းမသိဘူး။
"ဟို ညီ့အိမ်မှာ ကိုယ် လိုက်နေလို့ရမလားလို့
ရပါတယ် လိုက်နေလို့မရလည်း "သူ့ဟာသူ့ပြောပြီး မျက်နှာက ညိုးကျသွားပြန်တယ်။
မသိရင် ကိုယ်ကဘဲ ပေးမနေသလိုလို သူ့ကို
ဘာမှလည်း မပြောရသေးဘဲနဲ့ တကယ်ဘဲ ဘယ်လို့
လူလည်းဟ သူ့စိတ်ကြီးဘဲ"ဟို အကိုမှာ နေစရာအိမ်မရှိလို့လား ဟင် "
ကိုယ်လည်း အဲ့လို့မေးလိုက်ရော ဟိုပွတ် ဒီပွတ်လုပ်ပြီး မျာက်နှာငယ်လေးနဲ့ ခေါင်းငြိတ်ပြတယ်။
အဓိပာယ်က အင်းပေါ့။ပေးနေရတော့မှာပေါ့
သူ့မှာ နေစရာမရှိလို့ ကိုယ့်အိမ်မှာနေမယ်လို့
ခွင့်တောင်းနေတော့လည်း"အင်း နေတာတော့ ရပါတယ် အကို ဒါပေမယ့်
ထမင်းဟင်းချက်တာတော့ ကိုယ့်ဟာကိုယ့်ချက်စားရမှာနော်"အဲ့လို့လည်း ပြောလိုက်ရော နည်းနည်းလေး တွေဝေသွားတယ်လို့ထင်တယ်။ဘာလဲ သူ့က ငါချက်ကျွေးမယ်လို့ထင်နေတာလား ။
"အင်း ရပါတယ် အကို ချက်မယ်လေ ညီ့အတွက်လည်း ချက်ပေးရမလား "
"ရပါတယ် ကျွန်တော်အတွက်က ကျွန်တော်တစ်ယောက်တည်းဘဲ ချက်စားလိုက်မယ်"
"အင်းပါ အဲ့ဒါဆိုလည်း ဒီညနေ ညီ့ဆေးရုံက
ဆင်းတာနဲ့ တခါတည်း တန်းလိုက်ခဲ့မယ်နော်""ဟင် အ၀တ်အစားတွေ မယူတော့ဘူးလား"
"အ၀တ်အစားတွေက ယူပြီးပြီး ဟီးဟီး "
YOU ARE READING
နှလုံးသား စေရာ
Romanceမင်းကို ငါပိုင်တာ ငါ့ဆီကနေဘယ်သူမှလုယူပိုင်ခွင့်မရှိဘူး။မင်းက ငါတစ်ယောက်တည်းအတွက် သီးသန့်မွေးဖွားလာတဲ့သူဘဲ သွေးစက် ငါနဲ့အရာရာ အကုန်တူတဲ့လူတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး။ သျှားခန့်ပိုင် ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖...