အတော်ကြာ မှိတ်ထားမိတဲ့ မျက်ခွံတွေကို
အားယူစွာ ဖွင့်ကြည့်မိတော့
ဘေးတဖက်တချက်ဆီမှာ ခေါင်းတင်ကာ
အိပ်ပျော်နေသော ကောင်လေး၂ယောက် ။ကိုယ် ကို နည်းနည်းမတ်လိုက်တော့
ဆံပင်တွေကို သေသပ်စွာလှန်သိမ်းထားတဲ့
ဘယ်ဘက်က ကောင်လေးက
ခေါင်းထောင်လာသည် ။"နိုးပြီလား သက်သာလား အကို?"
ခေါင်းငြိမ့်ပြပြီး ဘေးက ကောင်လေးကပါ
နိုးလာတာကြောင့် ပြုံးကာလှည့်ကြည့်လိုက်တော့
ရင်ထဲကတမျိုးဖြစ်သွားသည်။ဒီကောင်လေးကို မြင်ဖူးတယ်.....ဘယ်မှာပါလိမ့်
မျက်လုံးမှိတ်ကာ ခေါင်းကိုလက်နဲ့ထောက်ပြီး
စဉ်းစားလိုက်တော့ ထိုကောင်လေးကအသဲအသန်"အဆင်မပြေဘူးလား....
တစ်နေရာရာကနာလို့လားဟင်?
ဟို ဆရာဝန်ခေါ်ပေးရမလား""ဟင့်အင်း ကျွန်တော် သက်သာပါပြီ....
ကျေးဇူးတင်ပါတယ် ကျွန်တော် ဘယ်လို "ထိုကောင်လေးက မတ်တပ်ရပ်နေရာကနေ
ခုံမှာပြန်ထိုင်ပြီး သက်ပြင်းသဲ့သဲ့ကိုချသည်။"လမ်းမှာ မေ့နေတာတွေ့လို့.....
ဘာတွေဖြစ်ခဲ့လဲ မသိပေမယ့်
အရမ်းအားနည်းနေတယ်
ဆရာဝန်က နားခိုင်းတယ်"မောင့်အိမ်က အပြန်မှာ မေ့လဲခဲ့တာပဲ ။
*မင်းအတွက် အချိန်မပေးနိုင်ဘူး*
ကြားယောင်လာတဲ့ စကားနဲ့အတူ
ခေါင်းက ထိုးကိုက်လာတာကြောင့်
ခပ်တိုးတိုး ညည်းလိုက်မိသည်။"အ..."
"သက်သာရဲ့လားဟင်?
ဆရာဝန်ခေါ်မှဖြစ်မယ်ထင်တယ် Hun ah""နေပါစေ....ကျွန်တော် သက်သာနေပါပြီ
ကျေးဇူးတင်ပါတယ် အခုလိုကူညီပေးလို့
လောလောဆယ်တော့ ကျွန်တော့မှာ
ဆေးရုံခတောင်ပါမလာဘူး အိမ်ပြန်ပြီး
လာပို့ပေးပါ့မယ်...."ကျွန်တော ပြောတော့ ထိုကောင်လေးမှာ
အသဲအသန်လက်ကာပြကာ"မလိုပါဘူးဗျာ....Luက အကို့ကို
ကူညီပေးလိုက်ရတာကို ဝမ်းသာနေတာ"ထိုကောင်လေး မပြောခင် ဘေးကကောင်လေးက
ဝင်ပြောလာသောကြောင့် ဘေးကကောင်လေးဆီ
အကြည့်ပို့လိုက်ရသည်။
YOU ARE READING
Mistake {Completed}
Romanceလူတိုင်းမှားခွင့်ရှိတယ် ဒါပေမယ့် . . . . . . . အကန့်အသတ်လဲရှိတယ်.... လူတိုင်းမှားခွင့်ရှိတယ် ဒါပေမယ့် . . . . . . . အကန့်အသတ်လဲရှိတယ်....