Lovely

4.9K 503 37
                                    

(Lovely- Billie Eilish ft Khalid)
_____________________________________

"အာ...လာ ထိုင်ဦး Jun Myeong..."

Suho ခေါင်းငြိမ့်ပြပြီး တဖက် sofa မှာ
ဝင်ထိုင်လိုက်သည်။Yixing က ထိုင်ရာက
ထသွားပြီးမှ သူ့ဘက်ပြန်လှည့်ကာ.....

"အပူ ? အအေး?"

"အာ..ကျွန်တော် မသောက်တော့ပါဘူး"

Yixing က ပါးချိုင့်ရေးရေးလေးပေါ်အောင်
တချက်ပြုံးပြီး

"အအေး ပဲ လုပ်လိုက်မယ်နော်..."

တဖက်လှည့်ကာ အအေးဖျော်နေသော
Yixing ကို သူနားမလည်စွာ ကြည့်မိတော့
Yixing က ကျောပေးလျက်ပင် သူအတွေးတွေကို နားလည်စွာ ပြောသည်။

"အချိန်တွေအကြာကြီး ကုန်မှာမို့လို့
တခုခုလုပ်ပေးတာပါ....အထူးဧည့်သည်တွေပါ
ဖိတ်ထားတာမို့လို့"

Orange juice ကို Suho ရှေ့ချပေးရင်း
အရင်ဧည့်ခံသည်။

"ဟို....အထူးဧည့်သည်ဆိုတာက..?"

"Chanyeol သူငယ်ချင်းတွေပါ....Chen နဲ့ Kai"

Suho ကတော့ သိပ်မသိတာမို့
ခေါင်းသာအသာငြိမ့်ပြလိုက်သည်။
Chanyeol သူငယ်ချင်းတွေက
ဘယ်လောက်သိမှာမို့လို့ခေါ်ထားရတာပါလိမ့်.....

"Yixing Hyung..."

"အေး လာကြ မင်းတို့ကို စောင့်နေတာ..."

နေရာယူပြီး ဘာစကားမှ မစပဲ ထိုင်နေကြတာမို့
လေ ကြောင့် လွင့်နေတဲ့ လိုက်ကာ စ ဆီ Yixing အာရုံတို့ရောက်သွားသည်။

Yixing မတ်တပ်ထရပ်ပြီး...လိုက်ကာကို
လက်ညိုးထိုးကာ

"တံခါးပိတ်လိုက်ရင် ပိုအဆင်ပြေမယ်ထင်တယ်"

ပြောပြီး တံခါးကို ဆွဲပိတ်ကာ
အနည်းငယ်အမှောင်ကျသွားသော
အခန်းထဲမှာ သူတို့ ၄ယောက်လုံး ထိုင်နေမိသည်။

Yixing ကပဲ အကုန်လုံးရဲ့အရိပ်အခြေကို
ကြည့်ပြီးစကားစသည်။

"အမှန်တော့ ဒီအကြောင်းကို သိဖို့
တကယ်စိတ်လှုပ်ရှားနေတာ....အားလုံးကို
ဆက်စပ်ကြည့်ပြီး အကုန်နီးပါးသိသူက
ကျွန်တော် ဖြစ်နေတော့လေ...."

Yixing တမင်ပြုံးပြပြီး ရှေ့က Juice ကို
တငုံသောက်လိုက်သည်။

"ကဲ ဒါဆို စရအောင် ကျွန်တော်မေးချင်တာ
Chanyeol နဲ့ ဘယ်လိုပက်သက်ကြလဲ ဆိုတာ
တယောက်စီ စပြောပေးပါ Jun Myeong..."

Mistake {Completed}Where stories live. Discover now