US(19)

63.9K 4.8K 9
                                    

[Zawgyi]

"မားရေ....မား!"

"သားလား? သားSam......"

အိမ်ထဲမှ ဒေါ်ဆောင်းမေသူ Samလေးရဲ့ခေါ်သံကြောင့် အပြေးတစ်ပိုင်းထွက်လာလေ၏။

"ဘယ်လိုလုပ်ရောက်လာတာလဲ သားရယ်"

"ဟီးး မား...သား Taxiဦးလေးကြီးကို ပိုက်ဆံပေးရဦးမယ်။"

ဒေါ်ဆောင်းမေသူ သူမရဲ့သားလေး လက်ညှိုးထိုးပြရာ ခြံရှေ့ကြည့်လိုက်တော့ Taxiသမားကြီးက ကားပေါ်ကကြည့်နေလေ၏။

ခဏလေးဟုဆိုကာ အိမ်ထဲမှာ ပိုက်ဆံဝင်ယူ ကျသင့်သလောက်ပေးလိုက်၏။ ထို့နောက် Samလေးနဲ့ သူ့အမေ အိမ်ထဲသို့ဝင်၍ ဧည့်ခန်းထဲ၌ နေရာယူကြ၏။

"မား...Daddyနဲ့ ဦးငယ်ရော?"

"အလုပ်သွားမလို့ ပြင်ဆင်နေကြတယ် သားရဲ့"

"ဟင်? Daddyက ဦးငယ်အလုပ်ကိုပါ လာလုပ်ပေးနေတာလား? ဟိုက Daddyကုမ္မဏီကရော?"

"ဟင်... ဟို...သားရဲ့Daddyက ဦးငယ်အလုပ်တွေကို ခဏလာလုပ်ပေးတာလေ အခုချိန်က အလုပ်တွေတအားများတော့ မနိုင်မှာစိုးလို့တဲ့"

မား.....မမောသေးဘူးလား? သားကိုလိမ်ရတာလေ...။ ဒီလို အခက်ခဲတွေ ရှိနေတာတောင်မှ သားဖို့တွေးနေပေးသေးတာလား?

"သားSam! ဒီကို ဘယ်လိုရောက်လာတာလဲ?"

Samလေး အတွေးတို့ မဆုံးခင်မှာဘဲ ဦးမင်းသူရိန် ရောက်လာကာ အံ့အားတကြီးဖြင့် Samလေးကို မေးလေ၏။

"Daddy! ဟီးးး Daddyက မြန်မာပြည်ရောက်လာပြီး သားဆီမလာတော့ သားကလာခဲ့တာပေါ့ ဟီးးး "

"အိမ်ပြန်တော့ Samသူရိန်!"

"Daddyကလဲ ဒီအိမ်ကလည်း သားဦးငယ်အိမ်ပါနော်။ ပြီးတော့ သားက Daddyမအားမှာစိုးလို့ သားက ချစ်လို့ လာတွေ့တာလေ။"

"Samသူရိန်!"

"ကိုမင်းသူရိန်! သားလေးက တကူးတက လာရတာကို ရှင်ဒီလိုတော့ နှင်မထုတ်ပါနဲ့"

"ဟုတ်တယ် ကိုမင်း Samလေးကို အဲ့လိုတော့ မပြောလွှတ်ပါနဲ့။ ဒီကို ဘယ်လိုရောက်အောင်လာလဲဆိုတာ မမေးဘဲနဲ့တောင် သိတယ်။ စေသုဈာန် မသိအောင် ထွက်လာတာဘဲနေမယ်"

ဦးစေ {completed}ဦးစေ(Zawgyi+Unicode)Tahanan ng mga kuwento. Tumuklas ngayon