__2__

1K 161 43
                                    

အကြိမ်ကြိမ် ကြိုးစားဖို့....
မဟုတ်သေးဘူး ရယူဖို့ကြိုးစားခဲ့တယ်။

ခဏတာ စည်းချက်မညီတဲ့
ရင်ခုန်သံတွေကြားမှာ စကားလှလှလေးတွေနဲ့
နှလုံးသားတခုလုံးကို သိမ်းပိုက်ပစ်ချင်တယ်တဲ့။

ဖြစ်နိုင်ရင် ရပ်ပေးပါတော့လား...
ခင်ဗျားကစားနေတာ ကျတော့်နှလုံးသား
ဆိုတဲ့အသိလေး ဝင်ပေးပါတော့နော်။

              || C Y C L A M E N ||

        _____________________________

တစ်နေ့တစ်နေ့ နေရစားရတာ
တကယ်ပင်ပန်းလွန်းတယ်။
ဘာလုပ်လုပ် အကောင်းမမြင်တတ်တဲ့
အဆိုးမြင်ဝါဒ်ီစွဲလူသားတွေကြားမှာ
အသက်ရှူ နေရတာကအစ
ကြမ်းတမ်းလွန်းလာတယ်လို့ပဲမြင်နေမိတယ်။

အမယ်...ကြီးကြီးကျယ်ကျယ်တွေပြောနေတယ်
ဆိုပြီး ကျတော့်ကိုအထင်တွေ
လွှတ်ကြီးမနေကြနဲ့ဦးနော်။
ကျတော်ဆိုတဲ့ကောင်ကလဲ ဘာလုပ်လုပ်
စောက်ချိုးပြေပြေလုပ်တတ်တဲ့လူစားမျိုး
ထဲပါဖို့ရာ ဝေလာဝေး...

တက္ကသိုလ်လာတာ ဘာလုပ်ဖို့လဲ?
အင်းးး...ဒီမေးခွန်းကနက်နဲတယ်။
ပေါ့ပေါ့ပါးပါးတွေးရင်တော့ စာသင်ဖို့ပေါ့လေ။
မလောက်လေးမလောက်စား
ကလေးစိတ်တွေကတော့ပြောကြမယ်။
အိမ်ကလွှတ်လို့လာတယ်ပေါ့...
သူတို့ပြောတာလဲ မမှားဘူးလေ,
အိမ်ကမလွှတ်ရင် သူတို့လဲဘယ်လာချင်မလဲ။

ကဲ...ဒီတော့ ကျတော့်အမြင်လေးပြောမယ်။
အတန်းပုံမှန်တက်ဖို့က နံပါတ်တစ်,
Lectureတွေသေချာနားထောင်ဖို့က
နံပါတ် နှစ်,
နောက်ဆုံးအနေနဲ့တော့ တက္ကသိုလ်ကပေးတဲ့
Presentationတွေ Tutoတွေကို
အတတ်နိုင်ဆုံးအမှတ်ကောင်းအောင်
ဖြေနိုင်ဖို့ပေါ့...။

ခင်ဗျားတို့ရော အဲ့အချက်တွေနဲ့
ကိုက်ညီကြလား?
Sorry...ကျတော်ကတော့ အတန်းထဲ
နေဖြစ်တာတောင် ခပ်ရှားရှားပဲ။
ဆရာလုပ်တယ်တော့မထင်နဲ့ဗျာ။
တက္ကသိုလ်လာပြီး စော်တပွေ ဘဲတပွေနဲ့
ရွယ်တူချင်း ကိုကိုတွေ အသဲလေးတွေ
လုပ်ပြနေတာတွေကို ကြည့်မရတာတော့
ကျတော့်ရဲ့ Universal Truthပဲ။
အထင်လဲမကြီးဘူး စောက်ဂရုလဲမစိုက်ဘူး,

CyclamenWhere stories live. Discover now