Love Story - 1

1.5K 76 9
                                    


နေရာ တစ်​ခု .... ​တောထဲက လူရှင်းတဲ့ ​နေရာ တစ်​ခုမှာ ခန္ဓာကိုဟ်​​တောင့်​​တောင့်​နဲ့ ​သေနတ်​ကိုယ်​စီကိုင်​ထားတဲ လူအ​ယောက်​၃၀ နီးပါး ဟာ ကိစ္စတစ်​ခုအတွက်​ အသံတိတ်​ကာ ငြိမ်​သက်​​နေကြတယ်​။

အဲ့လူ​တွေကြားထဲမှာ ဒူး​ထောက်​လျက်​သား ​သွေး​တွေမျက်​နှာတစ်​ခုလုံးစွန်း​ပေ​နေတဲ့ ​ဖျော့​တော့​တော့ စစ်​၀တ်​စုံနဲ့ ​ကောင်​​လေးတစ်​​ယောက်​ ....

အဲ့​ကောင်​​လေး​ရှေ့မှာ​တော့ အသက်​ ၅၀ အရွဟ်​ သူ​ဌေးပုံစံနဲ့ လူကြီးတစ်​​ယောက်​က ​သေနတ်​နဲ့ ချိန်​ရွယ်​လျက်​.....

စစ်​သား​ကောင်​​လေးရဲ့အကြည့်​​တွေ​က​တော့ အဲ့လူကြီး​ဘေးက အသားဖြူဖြူ လူ​ကောင်​​သေး​သေး​လေးနဲ့ သူ့ကို ခံစားချက်​ မဲ့တဲ့ မျက်​နှာ​သေနဲ့ ကြည့်​​နေတဲ့​ကောင်​​လေးတစ်​​ယောက်​ဆီမှာသာဖြစ်​သည်​။

"မင်း​သေချိန်​တန်​ပြီ ... ဒီ​နေ့က မင်းရဲ့​နောက်​ဆုံး​နေ့ပဲ
ဟား ဟား ဟား ဟား ...."

ထိုသို့​ပြောရင်း အသက်​၅၀အရွယ်​လူကြီးမှ ​သေနတ်​ဖြင့်​ ပစ်​သတ်​ရန်​ကြံစဉ်​ .....

"ခဏ​လေး Daddy !"

ထိုလူကြီး၏အကြည့်​များသည်​ ထို အသားဖြူဖြူ ​ခပ်​​သေး​သေး ​ကောင်​​လေးထံသို့ ..

"ကျ​နော်​ကိုယ်​တိုင်​သတ်​မယ်​....."

ပီပီသသ ထွက်​လာ​သော သူ့သား၏စကားများကို သူမယုံကြည်​နိုင်​သလို မျက်​ခုံးပင့်​ပြီး ပြန်​ကြည့်​လာသည်​။

ထိုကဲ့သို့ပင်​ ​သွေးအလိမ်းလိမ်းနဲ့ စစ်​သား​ကောင်​​လေးမှာ
မယုံကြည်​နိုင်​​သော မျက်​လုံးများဖြင့်​ ​မော်​ကြည့်​လာသည်​။

"ကျ​နော်​ကိုဟ်​တိုင်​ သူ့ကို သတ်​မယ်​လို့! ​သေနတ်​​ ကျ​နော့်​ကို​ပေးပါ "

အဲ့​နောက်​ ​သေနတ်​ကို ဖခင်​ဆီမှ လွှဲ​ပြောင်းယူပြီး မယုံကြည်​စွာ သူ့ကိုကြည့်​​နေ​သော ​ကောင်​​လေးဆီသို့ ​သေနတ်​ကို ဦးတည်​ပြီး....လက်​ညှိုးကို ​ကွေးချပစ်​လိုက်​သည်​။

🍂🍃L_o_v_e  S_t_o_r_y🍂🍃Hikayelerin yaşadığı yer. Şimdi keşfedin