4

3K 321 9
                                    

" Taehyung~~~မင်း ဒီအိမ်မှာနေတာကြာပြီလား! "

Hoseok အမေးကို Taehyung က ဦးတည်ချက်မရှိ
လမ်းလျှောက်နေရာကနေ စောင်းကြည့်တယ်။

" ကြာပြီ!! ကျွန်တော့် တစ်သက်! "

တစ်သက်??????? ထိုစကားကြောင့် Hoseok နည်း
နည်း အ့ံသြသွားသည်။ ဆိုလိုတာ Taehyung က...
ဒီအိမ်က တစ်ခါမှ ထွက်မသွားခဲ့ဖူးဘူးလား!
ဒါပေမယ့် Miyar ပြောခဲ့တာက.........

" Arrrrr!! ကျွတ်စ်! စောက်ကျိုးနဲ မေ့နေတာ..."

Taehyung ရဲ့ ဒေါသတကြီး အော်သံ ကြောင့် Hoseok လန့်ဖြန့်သွားကာ အတွေးတွေက လက်ရှိကို
ပြန်ရောက်လာသည်။

" ဒီနေ့ဆို ဆိုင်မှာ အသားတွေမရှိလောက်တော့ဘူး! ကျွတ်စ်! သတိပေးပာလို့ပြောထားတာကို! လာ
ဆိုင်ကိုမြန်မြန် သွားမယ် "

" အသား?? ဆိုင်?? ဘာတွေ~~~~"

ဘာတွေပြောသွားမှန်း နားမလည်လို့ မေးမယ်ပြင်တုန်း
ရှိသေး Taehyung က သူ့အနားကနေ လှစ်ခနဲ
ပျောက်သွားပြီ။

" စိတ်မြန်လက်မြန် အကျင့်ကလည်း မပျောက်သေး
ဘူး~~~"

Hoseok ခေါင်းသာ အသာခါမိရင်း ခန္ဓာကိုယ်
တစ်ဝိုက်နားက လေထုကို စိတ်နဲ့ ထိန်းချုပ်ကာ Taehyung နောက် အမှီလိုက်ရတော့သည်။

°°°°°°°°°°°°°°°°°

" ဒါမင်းဆိုင်လား~~Taehyung "

ညဘက်အချိန်မို့ လူမရှိတဲ့ စားသောက်ဆိုင်
အတွင်းကို Hoseok တစ်ချက်ဝှေ့ကြည့်လိုက်သည်။
အမှန်တော့ ဟိုး...အရင်တုန်းက ဒီဆိုင်ကို Hoseok
မကြာခဏရောက်ဖူးတယ်...Taehyung နဲ့..........။
အဲ့ဒီ့တုန်းက ဆိုင်ရှင်ဟာ ဖြူဖြူနုနု နဲ့ Vampire
တစ်ကောင်ပဲ။

" မြင်ရုံနဲ့မသိဘူးလား "

Hoseok အမေးကို Taehyung က ခေါင်းညွှတ်နှုတ်
ဆက်နေတဲ့ အလုပ်သမားတွေကို ပြန်နှုတ်ဆက်ကာ တုံးတိပဲဖြေသည်။ * ယဉ်ကျေးမှုမရှိလိုက်ပုံက...*

Hoseok စိတ်ထဲကနေသာ တွေးမိရင်း တစ်နေရာကို
ဦးတည်သွားနေနဲ့ Taehyung နောက်ကနေ အေးဆေးလိုက်ရင်း ဆိုင်ထဲကိုနောက်တစ်ခါ ထပ်ကြည့်မိတယ်။

မြို့အပြင်ဘက်က Taehyung အိမ်ကနေ မြို့ထဲဘက်
ကိုလာရင်း 5 မိနစ်လောက် အကြာမှာ
ရောက်ရှိလာတဲ့ စားသောက်ဆိုင်။ လူသားတွေ
အတွက်ဆို နာရီနဲ့ချီပြီးလည်း ကြာချင်ကြာလိမ့်မှာပေါ့
လေ။ တစ်နည်း ပြောရရင်တော့ မြို့ရဲ့ အစွန်အဖျားပိုင်းမှာ တည်ရှိနေတာ။

CycloneWhere stories live. Discover now