5

2.7K 313 25
                                    

"  အဲ့ဒီ့နေရောင်ကြီး သိမ်းထားပေးလို့ မရဘူးလား "

Hoseok သံပြားပေါ်က အသားတွေကို အာရုံစိုက်နေ
တုန်း Taehyung ရဲ့ စိတ်တိုနေတဲ့အသံကြောင့်
တစ်ချက်သာ မော့ကြည့်ရင်း အသားပြားတွေကို
အကျက်မြန်အောင်လှန်နေလိုက်သည်။

" အသားကင်ဖို့ မီးမှမရှိတာကို! ဒါကျက်ရင် ဖျောက်
ပေးမယ် "

လွန်ခဲ့တဲ့သုံးရက်လောက်က စားသောက်ဆိုင်မှာ
အလုပ်သမားတွေကို အသားတွေခွဲပေးပြီးလို့..ယူလာခဲ့တဲ့အသားတစ်ချို့ကို သူ နဲ့ Taehyung အတူတူထိုင်
စားနေကြခြင်းပင်။

Taehyung က စားဖို့ သိပ်မလိုအပ်ပေမယ့် Hoseok
ကတော့ Taehyungနဲ့ တစ်စားပွဲတည်း ထိုင်စားချင်လို့
ခြိမ်းရင်း ခြောက်ရင်း ခေါ်ထားရတာ။ အရင်နှစ်ရက်က
တစ်ယောက်တည်း စားတာဆိုပေမယ့် အခုတော့
အရမ်းကိုပျင်းနေပြီ။ အဲ့ဒါအပြင်အစိမ်းလည်း မစား
တတ်တော့ မီးမရှိ ဘာမရှိနဲ့ Taehyung အိမ်မှာ
အကျက်နှေးတဲ့ နေရောင်နဲ့ အသားကင်နေတဲ့အခါ
စကားပြောဖော်လိုပြန်တယ်။ အကျဉ်းချုပ်ရရင်တော့ Taehyung အနားမှာ ရှိနေချင်တာပဲ ဖြစ်သည်။

သူ့မှာ အသားကျက်မယ့်အချိန်ကို စိတ်ရှည်ရှည်စောင့်
နေရပေမယ့် Taehyung ကတော့ အေးအေး
ဆေးဆေးသာ အသားအစိမ်းလိုက်ကို ပန်းကန်ပြားထဲ
ထည့်ုပြီး ဓားလေးနဲ့ လှီးလိုက် စားလိုက်နဲ့ သိပ်ကို
အဆင်ပြေနေတယ်။ အရင်တုန်းကလို လက်နဲ့ဆွဲကိုင်
ပြီးမစားတာကိုပဲ ကျေးဇူးတင်ရမယ်။

" ဘာတွေစဉ်းစားနေတာလဲ! "

အတွေးတစ်ချို့နဲ့ငြိမ်နေတဲ့ Taehyung က သူ့အမေး
ကြောင့် ခုံပော်မှာထိုင်နေရာကနေ ကိုယ်လုံးကိုရှေ့
နည်းနည်းတိုးလာသည်။ ဒါက Taehyung တစ်ခုခုကို
သိပ်သိချင်လာရင် ဖြစ်တတ်တဲ့ပုံစံ။

" စဉ်းစားနေတာလေ~~အဲ့ဒီနေရောင်က ခေါင်မိုးကနေ
မျက်နှာကျက်ကို ဖောက်ပြီးလာတာလား "

သိချင်စိတ်ပြင်းပြနေတဲ့ ပုံစံနဲ့ ပထမထပ်ရဲ့
မျက်နှာကျက် ကနေ ဖြာကျနေတဲ့ နေရောင်ကို
မော့ကြည့်နေတာကြောင့် Hoseok...Taehyung နဲ့အတူတူ မျက်နှာကျက်ကို လိုက် မော့ကြည့်မိတယ်။
Taehyung ဟာ စစချင်းနေ့ကလို သူ့ကို
စိမ်းသက်သက်မလုပ်တော့ပဲ စကားပြောရင် အဆင်
ပြေပြေ ပြန်ပြောလာတယ်။ ပြောရရင် သူ Taehyung
နဲ့ ခြေတစ်လှမ်းလောက် နီးကပ်လာတဲ့သဘောပေါ့။
အခုလည်း အရမ်းသိချင်နေတဲ့ ပုံစံနဲ့ သူ့ကိုကြည့်နေ
ပြန်သည်။

CycloneWhere stories live. Discover now