ep - 18

905 106 18
                                    

ပုဇွန်ဆီရောင်တောက်နေသာ ကောင်းကင်အောက်တွင်

ရွာလယ်လမ်းမအထက်ဝယ် လယ်ယာလုပ်ငန်းခွင် သိမ်းကာ

မိမိတို့အိမ်ဆီသို့ ပြန်နေကြသူများနှင့်နွားလှည်းများ၊

ပျော်ရွှင်စွာဆော့ကစားနေသော ကလေးငယ်များ၊

အလှသွေးကြွယ်နေသော လုံမပျိုများနှင့် ထိုလုံမပျိုများကို

နောက်ပိုးနေသော လုလင်ပျိုများ ဖြင့် ဆူညံစည်ကားလျှက်ရှိသည်။



ထိုချစ်စရာ့မြန်မာ့ရိုးရာမြင်ကွင်းကို ခြံထောင့်မှနေ၍

မမှိတ်မသုန် ရင်သပ်ရှုမောကာ ကြည့်နေသူကား

ကိုယ်ရံတော်တပ်မှူးလေး ခွန်လုံ တဖြစ်လည်း စောမြတ်လွင် ပင်ဖြစ်သည်။

ကိုယ်ရံတော်တပ်မှူးလေးခွန်လုံ နှင့် မင်းသမီးစဝ်နန္ဒာခမ်း တို့

၂ယောက်မှာ တောထဲသို့ ထွက်ပြေးပြီး နောက်

လမ်းပျောက်နေသောကြောင့် တောထဲတွင် ရက်အတော်ကြာ

ဒုက္ခခံလိုက်ကြရသည်။


လွန်ခဲ့သောနေ့ကမှ တောထဲသို့ အမဲလိုက်ရန်လာသော

မုဆိုးများနှင့်တွေ့၍ ယနေ့တွင် တမ္ပဒီပ အနီးရှိ ရွာငယ်တစ်ရွာ

တွင် ရောက်ရှိနေခြင်းဖြစ်သည်။


ဒုက္ခရောက်နေသော သူတို့၂ယောက်ကို မြင်လျှင်မြင်ချင်း

အလျင်အမြန် ဖေးမကာ ၎င်းတို့၏နေရပ်သို့ ခေါ်ဆောင်လာခဲ့

ခြင်းဖြစ်သည်။ မြန်မာလူမျိုးတို့၏ ချစ်စရာ့ဓလေ့နှင့်

စိတ်ဓာတ်ကား ဤခေတ်များတည်းကပင် မြန်မာတို့၏

အသက်သွေးကြောတွင် စွဲမြဲနေဟန်တူသည်....။



" ခွန်လုံ... "

စောမြတ် ၏ ကြည်နူးမှုနှင့်အတွေးများသည် သူ့ အနောက်မှ ထွက်ပေါ်လာသော အသံကြောင့် လွင့်ပျယ်သွားလေသည်။

" မင်းသမီးလေး.. "

စောမြတ် ခေါင်းငုံ့ကာ အလျင်အမြန် ဂါရပြုလိုက်တော့
မင်းသမီးစဝ်နန္ဒာခမ်း က အလျင်အမြန်ပင် ပြန်တားလိုက်ကာ

ခြေရာကောက်သူWhere stories live. Discover now