Part 6 (End)

2.2K 77 4
                                    

Deeအမနှင့် အဆက်သွယ်ရပြီးနောက်ပိုင်း Deeဖုန်းဆက်လာမည်ဟုMaryထင်သော်လည်း ဆက်မလာခဲ့ပေ။ Deeနှင့်စကားမပြောရသည်မှာ ယနေ့နှင့်ပါဆိုလျှင် ၁ပတ်ပြည့်ပြီဖြစ်သည်။

Maryတစ်ယောက်အခန်းပြင်သိပ်မထွက်ပဲ တစ်ယောက်ထဲငူငူငိုင်ငိုင်ကြီးနေရာမှ ဖုန်းlockကိုဖြေလိုက်ပြန်ပိတ်လိုက်ဆော့ကစားနေမိသည်။
နောက်ဆုံး Deeကိုဖုန်းခေါ်ရန်ဆုံးဖြတ်လိုက်သည်။

တူ....တူ....တူ.....လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ မအား...

Maryဖုန်းချလိုက်ပြီး အိပ်ယာပေါ် စိတ်ပျက်စွာလှဲချမိ၏။

တကယ်ဝေးပြီလား...

ခဏကြာတော့ Deeဖုန်းပြန်ခေါ်လာခဲ့သည်။

"Hello... Dee.."

"နေကောင်းလား Mary

Deeသက်သာနေပြီ..."

"စိတ်ပူလိုက်ရတာ Deeရယ်...Maryကစိတ်ပူနေတာ အဆက်သွယ်လည်းမရဘူး"

"အင်း...ဖုန်းက တီတီယူထားတာလေ fb passwords လည်းယူထားလို့... "

"အင်းပါ...Deeနေကောင်းရင်ရပါပြီ"

"Mary..."

"အင်း.."

"Deeကိုစောင့်နိုင်လား Dee scholar ရအောင်လုပ်မယ် ပြီးရင်နိုင်ငံခြားမှာ ကျောင်းတက်ရင်း အလုပ်လုပ်မယ် ဟိုမှာအခြေကျရင် Maryကိုလာပြန်ခေါ်မယ် Maryစောင့်နိုင်ရဲ့လား.."

"Deeကို အမြဲစောင့်နေခဲ့တာပါပဲ ခုလည်းစောင့်နေတုန်းပဲလေ"

"အင်း...Mary

လမ်းခွဲမယ်"

"ဟင်...Dee"

"လမ်းခွဲရမယ် "

"ဘာလို့လဲ Maryစောင့်နေနိုင်ပါတယ် Deeရယ်.."

"အေ ငါသူ့အန်တီပဲ နင် ဖူးဖူး(Dee~ မြဖူးငုံကိုဖူးဖူးလို့အိမ်မှာခေါ်)နဲ့အဆက်သွယ်ဖြတ်ပါ "

"Mary ဘာမှမလုပ်ရပါဘူး အန်တီ"

"အေ...နင့်ကိုပဲသူ့စိတ်ရောက်နေရင်မလွယ်ဘူး ဒီမှာစာရင်းတွေလည်းမှားတယ် ဖုန်းပဲပြောချင်နေတယ် သူ့ဘဝတက်လမ်းရှိသေးတယ် "

"အဲ့လိုတွေဖြစ်မှာစိုးလို့ သူမဆက်သွယ်ရင် Maryစကားတောင်မပြောရပါဘူး အန်တီ"

You've reached the end of published parts.

⏰ Last updated: Mar 22, 2019 ⏰

Add this story to your Library to get notified about new parts!

မာနရဲ့နောက်ကွယ်(Complete)Where stories live. Discover now