part 4

2.1K 183 9
                                    

[Zawgyi]

"Sehunမင်းခုတလော ငါတို့နဲ့သိပ်မပေါင်းတော့သလိုဘဲ။အမြဲဟိုအဖွဲ့နဲ့ဘဲရောနေတယ်။"

"ဟုတ်လား ငါ့ကိုငါတောင် သတိမထားမိဘူး။"

"ထားပါတော့။ငါတို့သုံးယောက်အတူခရီးသွားရအောင်နော်။ခရီးအတူမသွားရတာကြာပြီမလား"

"Yeolသဘောကကော"

"Chanနဲ့ငါ တိုင်ပင်pp။မင်းကိုလည်းလိုက်စေချင်လို့ဟ sehunnie လေးကလိုက်မယ်မလားဟင်"

ခေါ်တာကကျောချမ်းစရာ။မျက်လုံးကိုလည်း ပုတ်ခတ်ပုတ်ခတ်ကလုပ်နေသေး

"အမယ်လေး ရုပ်ကြမ်းကြီးနဲ့ချစ်စရာကောင်းအောင် လုပ်ပြမနေနဲ့ အော့အော့ဘဲဟျောင့်"

ဘေးနားကyeolကတော့ ဘားမှမပြောဘဲ ဘေးကသကောင့်သားလေးkaiကိုသာပြုံးပြီး ကြည့်နေလေရဲ့။ဒီကောင်kaiကိုစိတ်ဝင်စားနေတာများလား။ဒါပေမဲ့အထီးချင်း အဲလေ ယောကျာ်းချင်းကို???

..........

ဒီလိုနဲ့ သုံးယောက်သား တောင်တက်ခရီးထွက်ခဲ့ကြတယ်။

တောင်ပေါ်မှာတရက်လောက် အေးဆေးအိပ်ပြီး မနက်စောစောနေထွက်တာကြည့်ချင်သော်လည်း
သာသနာဖျက်kaiက တောင်တက်မှာတင်ခြေခေါက်သွားသောကြောင့် တောင်ပေါ်ထိတောင်မရောက်ဘဲ တောင်အောက်ပြန်ဆင်းလာခဲ့ရတယ်။

Kaiကလမ်းမလျှောက်နိုင်တာကြောင့် yeolကကုန်းပိုးခေါ်ရတယ်။yeolကကုန်းပိုးတာကို kaiမျက်နာကဘာလို့နီနေရတာလဲ။ခြေထောက်နာနေလို့လား။ရှက်တာတော့မဖြစ်နိုင်ဘူးမလား??

ကျတော်ဟိုအဖွဲ့နဲ့ဘဲသွားနေတာနဲ့ ဒီနှစ်ယောက်ကိုသတိမထားမိ။ပြန်ရောက်ရင် အခြေနေလေ့လာရမယ် ။

.................

ခုဆိုkaiလည်း ခြေထောက်သက်သာနေတာမို့် ကျောင်းပြန်တက်နေပြီ။သူကျောင်းမတက်တဲ့အတောတွင်း ဟိုကောင်က အိမ်မှာတောက်လျှောက်လာနေတယ်။

ခုကျောင်းရောက်တော့လည်း ပြောစရာရှိတယ်ဆိုပြီး အတန်းလစ်ပြီး ကန်တင်းကိုအတင်းဆွဲခေါ်လာကြတယ်။

"ဖြေးဖြေးသွားစမ်းပါဟ။ငါ့imageပျက်တယ်။"

"မင်းကလည်း ခုကကျောင်းတက်ချိန်ကွ မင်းကိုလိုက်ကြည့်မယ့်လူမရှိဘူး"

အခ်စ္ဆံုး(အချစ်ဆုံး)Where stories live. Discover now