1

983 37 2
                                    

"​ကောင်​မ ဂြိုလ်​ဆိုးမ ညည်း​ကြောင့်​ကြည့်​ပဲ"
"ဟုတ်​တယ်​ ommaသူ​ကြောင့်​ကြီးပဲ
Appa​သေရတာလဲသူ့​ကြောင့်​ ပီ​တော့ သမီး​တော့ စီးပွား​ရေး မ​ကောင်းတာလဲ သူ့​ကြောင့်​"
"ဟုတ်​တယ်​ ommaသူ့ကို​မွေးခဲ့တာ​နောင်​တရတယ်​"

ကြမ်းပြင်​ထက်​၀ယ်​ ကျုံ့ကျုံ့​လေးထိုင်​ကာ ငို​နေရှာတဲ့ မိန်းက​လေးတစ်​​ယောက်​ရဲ့ရင်​ထဲ ဘယ်​လို​နေရှာမလဲ မိခင်​လုပ်​သူက မချစ်​ အမလုပ်​သူက မကြင်​နာမို့ သူမဘ၀ သနားစရာ​ကောင်းလှသည်​။သူမနာမည်​က
Luhan..........................

Luhanမှာ အမနှစ်​​ယောက်​ရှိ​လေသည်​။ အကြီးဆုံးအမက Lay .... သူမက Luနှင့်​ 7နှစ်​ခန့်​ကွာသည်​။ သူမတစ်​​ယောက်​သာ Luအ​ပေါ်အလိုလိုက်​ ချစ်​​နေခဲ့သည်​။

ဒုတိယအမကHoyin ....... သူမက သူမတို့မိခင်​ဖြစ်​သူ Lee Seu Yong
နှင့်​အကျင့်​ချင်းတူသလို Luအ​ပေါ်တွင်​လည်း အမြဲနိုင်​​လေသည်​။

Luတွင်​ သူ့အ​ပေါ်နားလည်​​ပေးနိုင်​သည့်​သူငယ်​ချင်းနှစ်​​ယောက်​ရှိ​နေ​ခြင်းမှာ သူမအတွက်​ ကံ​ကောင်းခြင်းထဲကတစ်​ခုပင်
သူတို့နာမည်​​တွေက Taeyeonနဲ့ Yoonaပင်​။

"Ommaရယ်​....ရက်​စက်​လိုက်​တာ က​လေးကို ဒီ​လောက်​ကြီးထိ​ပြောစရာမလိုပါဘူး"
"Lay ညည်းဝင်​မပါနဲ့ သူ့​ကြောင့်​ အားလုံးဆုံးရှုံးရတာ"
"ဟုတ်​တယ်​မမကြီးရဲ့"
"Hoyin ပါးစပ်​ပိတ်​ထား"
"Omma...​တွေ့လား မမကြီးက သမီးဆို အ​ကောင်းမမြင်​ဘူး"

Layဘာမှဆက်​မ​ပြော​တော့ဘဲ

"Luညီမ​လေး ထ...ထ"
"Nae"
Luရဲ့မျက်​နှာညှိးငယ်​စွာဖြင့်​ပြောလာသည်​။

"မမကြီး "
"ဟင်​...."
"တကယ်​ပဲ AppaကLu​ကြောင့်​​သေရတာလားဟင်​"
"မဟုတ်​ပါဘူးက​လေးရယ်​ တကယ်​​တော့ က​လေးငယ်​ငယ်​တုန်းက ကစား​နေတုန်း ကားနဲ့တိုက်​မိမလိုဖြစ်​တာ အဲ့ဒါappaက က​လေးကိုဆွဲ​ခေါ်ရင်းနဲ့ ကားနဲ့တိုက်​မိပီး​ဆုံးသွားတာ"
"ဟင့်​...ဟင့်​....သမီးက omma​ပြောသလိာ ဂြိုလ်​ဆိုးမ​ပေါ့​နော်​"
"​အော်​.....အဲ့လိုမဟုတ်​ဘူး​လေ ဘာပဲဖြစ်​ဖြစ်
က​လေးအသက်​က appa​ပေးထားတဲ့
အသက်​အဲ့​တော့ မမကြီးတို့Appaဂုဏ်​ယူနိုင်​​အောင်​ က​လေးကြိုးစားရမယ်​"
"Nae မမ"

အသက်​ရှူလိုက်​တိုင်း မင်းကိုချစ်​တယ်​(completed) Where stories live. Discover now