ကူးစူးလန်ရဲ့ 3000

1.1K 61 3
                                    

Scroll down for unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Scroll down for unicode

ကူးစူးလန်​ရဲ့ 3000 ကို သိချင်​ပါတယ်​ဆိုလို့ တင်​​ပေးလိုက်​ပါပြီ ။ ​တောင်းထားတဲ့သူလည်းအလွတ်​ကျက်​လို့ရပါပြီ။ သုံး​ထောင်​အပြည့်​မပါတာမို့ အပြည့်​သိချင်​ရင်​ လန်​ဂိုဏ်းစည်းကမ်းချက်​စာအုပ်​ဆိုတာကိုOS​တွေက​နေ​မေးဝယ်​လို့ရပါတယ်​​နော်

- Cloud Recesses ( တိမ်တိုက်ဗိမာန်) အတွင်း အသက်မသတ်ရ!
- ခွင့်ပြုချက်မရှိပဲ ရန်မဖြစ်ရ!
- လူတကာနဲ့ ဆက်ဆံခြင်း မပြုရ!
- ညဘက် အပြင်မထွက်ရ!
- မဆူညံရ!
- လမ်းမြန်မြန်မလျောက်ရ!
- အကြောင်းပြချက်မရှိပဲ မရယ်ရ!
- သိက္ခာကျတဲ့ ပုံစံမျိုး မထိုင်ရ! 
- ထမင်း ၃ ခွက်ထက် ပိုမစားရ!
- လိမ္မာတဲ့ သားသမီးဖြစ်အောင်နေရမည်!
- အလုပ်ကို ပူးပေါင်းပြီး သေချာလုပ်ရမည်!
- လုံ့လဝီရိယက အခြေခံဖြစ်ရမည်!
- အကျင့်သိက္ခာက အရေးကြီးဆုံးဖြစ်သည်!
- ညီညွတ်ခြင်းက တန်ဖိုးဖြစ်သည်!
- သင်ယူမှုကို ရှေ့ရှုရမည်!
- စကားကို ပေါ့ပျက်ပျက် မပြောရ!
- ကတိုက်ကရိုက် မပြုမူရ!
- သင်ယူတာကို လက်မလျော့ရ!
- သူတော်ကောင်းတရားနှင့်အညီ ကျင့်ကြံနေထိုင်ရမည်!
- ဘိုးဘေးတို့၏ ဂုဏ်သိက္ခာကို မမေ့ရ!
- စကားကို သတိထားပြောပါ!
- လေးစားတတ်ပြီး နှိမ့်ချတတ်ပါစေ!
- သစ္စာရှိပြီး လိမ္မာပါ!
- အခင်အမင်မပျက်ပဲ စည်းလုံးနိုင်ပါစေ!
- သဘောတူတတ်ပါစေ!
- စိတ်နဲ့ ကိုယ်ကို ထိန်းကျောင်းလေ့ကျင့်ပါ!
- မကောင်းတဲ့ အကျင့်ဆိုးတွေကို ရပ်ပါ!
- မိမိကိုယ်ကို စည်းကမ်းတင်းကြပ်ပါ!
- တခြားသူတွေကို အလိုက်သင့်ဆက်ဆံပါ!
- မလိုမုန်းတီးမှုကို ဆွဲမထားရ!
- မိမိကိုယ်ကို ချစ်ခင်လေးစားပါ!
- မိမိရဲ့ ကိုယ်ပိုင် စည်းကမ်းကို ထိန်းသိမ်းပါ!
- တခြားသူက မိမိကိုနိုင်သွားရင် မနာလိုမဖြစ်ရ!
- တခြားသူက မိမိကိုရှုံးရင် အထင်မသေးရ!
- ဖြုန်းတီးခြင်း မပြုပါနဲ့!
- ပျက်ဆီးအောင် ဖျက်ဆီးခြင်းမပြုလုပ်ရ!
- သက်ရှိအားလုံးကို ချစ်ပါ!
- လူကောင်းတွေကို လေးစားပါ!
- လူဆိုးတွေဆီက ဝေးဝေးရှောင်ပါ!
- လိမ္မာတဲ့လူတွေကို လေးစားပါ!
- အဆိပ်ငါးမျိုးကို ရှောင်ပါ!
( အဆိပ်ငါးမျိုးဆိုတာ ရှေးတရုတ်တွေရဲ့ ယုံကြည်မှုတစ်ခုပါ- မြွေ, ကင်းမြီးကောက်, ကင်းခြေများ, ဖားပြုတ်, ပင့်ကူ)
- ရည်မှန်းချက်ကို ပြုစုပျိုးထောင်ပါ!
- တရားမျှတမှုကို လက်ဝယ်ကိုင်ဆောင်ထားပါ!
- ကိုယ်ကျင့်တရားရဲ့ အလေးချိန်ကို ထမ်းပိုးပါ!
- လောကကြီးရဲ့ အလုံးစုံကို ပွေ့ဖက်ထားပါ!
- အားနွဲ့သူအပေါ် ကြင်နာပါ!
- အင်အားတွေ အသိဥာဏ်တွေရှိပါ!
- လောကကျင့်ဝတ်နဲ့ ရိုးသားဖြောင့်မတ်မှုရှိပါ!
- ချစ်ခင်မှုနဲ့ နူးညံ့သိမ်မွေ့မှုရှိပါ!
- အနိုင် အရှုံးရှိပါ!
- တရားမျှတပါ.. လူတွေက လိုက်လာပါလိမ့်မယ်!
- ယုံကြည်စိတ်ချရအောင်နေပါ လူတွေက ယုံကြည်လိမ့်မယ်!
- ခွန်အားကြီးပါ လူတွေက မင်းအတွက် သေပေးလိမ့်မယ်!
- ဖြောင့်တန်းသောလမ်းကိုလျောက်ပါ!
- ကောက်ကွေ့သောလမ်းကို ရှောင်ပါ!
- ယုံကြည်မှုရှိပါ!
- စိတ်ရင်းအတိုင်းယုံကြည်ပါ!
- ဆုံးဖြတ်ချက်ခိုင်မာရင် အားလုံးက အောင်မြင်နိုင်တယ်!
- ခင်မင်မှုကို ကြင်နာမှုနဲ့ အပိုင်ယူပါ!
- သူငယ်ချင်းတွေကို အိမ်နီးချင်းလိုမြင်ပါ!
- တရားမျှတပါ!
- ရက်ရောပါ!
- လူ့ကျင့်ဝတ်သိတတ်ပါ!
- ကြီးမြတ်အောင်နေပါ!
- သစ္စာရှိပါ!
- ကောင်းတဲ့လူကို ချီးကျူးပါ!
- မနက်၈နာရီထပါ!
- အစားအစာ ချေးမများရ!
- သင့်တင့်သော ကိုယ်ဟန်ရှိပါ!
- သာမန်ထက် ပိုလွန်ပြီး မပျော်ရ!
- သာမန်ထက် ပိုလွန်ပြီး ဝမ်းမနည်းရ!
- ထိပ်ဆုံးထက် မကျော်လွန်ရ!
- တစ်ဖက်လူနာကျင်အောင် စကားကြမ်းတွေမသုံးရ!
- အဓိပ္ပါယ်မရှိသော စကားများကို မဖြန့်ရ!
- ကတိမဖျက်ရ!
- ဂိုဏ်းမဝင်ရ!
- တစ်ခြားသူ မကောင်းကြောင်း လျောက်မပြောရ!
- အလွန်အကျွံ မသုံးဖြုန်းရ!
- တစ်ခြားသူကို အသုံးချပြီး ချမ်းသာအောင်မလုပ်ရ! ထိုကဲ့သို့ ချမ်းသာမှုမျိုးသည် တာရှည်မခံ!
- သာမန်ထက် ဝင်ငွေနည်းသူများကို ကူညီပါ!
- အနိုင်အရှုံးက အရေးမကြီးလျှင် မိသားစုဝင်များနှင့် ရန်မဖြစ်ရ!
- စကားနည်းနည်းပဲပြောပါ! ပြောပါများလျှင် ထိခိုက်မှုသာ ဖြစ်နိုင်ပါသည်!

ကူးစူးလန်​၏အရှုပ်​​တော်​ပုံများ《MDZS,HOB,SVSSS  Fanfiction》Where stories live. Discover now