မြားပစ်​ပြိုင်​ပွဲ (chapter-5)

702 21 1
                                    
🏹🏹🏹

လန်ချင်းချင်း(QQ) ပုံ

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.

လန်ချင်းချင်း(QQ) ပုံ

ချီရှန်မြို့၌ ဝမ်ဂိုဏ်းသည် ဆွေးနွေးရေးညီလာခံကိုကျင်းပသည်။ညီလာခံက (၇)ရက်ကြာ။(၇)ရက်ကာလအတွင်းဧည်ခံဖျော်ဖြေမှုများက မတူပြားစွာစီစဉ်ထားသည်။တစ်ရက်ကဖြင့် လေးမြားအတတ်ယှဉ်ပြိုင်ပွဲ ပါဝင်လေ၏။

ပြိုင်ပွဲစည်းမျဉ်းများက အောက်ပါအတိုင်း အသက်(၂၀)ကျော်ရှိသည့် တပည့်ဂိုဏ်းသား မည်သူမဆို တောလိုက်ကွင်းသို့ဝင်ရမည်။စက္ကူလူသဏ္ဍာန် အရုပ်ပစ်မှတ် တစ်ထောင်ကျော်တွင် အရေအတွက် တစ်ရာသည်သာ ရက်စက်ခက်ထန်သည် တစ္ဆေဝိဥာဉ်တို့ ပူးကပ်နေ၏။ ပစ်မှတ်မှားလျှင် ယုတ်ဆွမဆိုင်း ပြိုင်ပွဲမှထွက်ရမည်။မိစ္ဆာဝိဥာဉ် ပူးကပ်နေသည့်စက္ကူလူသဏ္ဍာန် အရုပ်ပစ်မှတ်ကို မှန်ကန်စွာသုတ်သင်နေနိုင်မှသာ ပြိုင်ပွဲ၌ ဆက်လက်ယှဉ်ပြိုင်နိုင်မည်။ အဆုံးတွင် တပည့်ဂိုဏ်းသားများသည် အများဆုံးပစ်ခွင်းနိုင်သူ၊ အမှန်ကန်ဆုံးပစ်ခွင်းနိုင်သူ စသည့်ဖြင့် အဆင့်သတ်မှတ်ရရှိသည်။

ထိုပွဲတော်မျိုး၌ WWXသည် ကျန်းဂိုဏ်းမှ ပြိုင်ပွဲဝင်တစ်ဦးအဖြစ် ပါဝင်ဆင်နွှဲပေသည်။ ပြိုင်ပွဲမစမီ သူသည် ဂိုဏ်းများ၏အခြေအတင်နူတ်ခွန်းများကို တစ်ညနေခင်းလုံး နားနှင့်မဆန့်အောင်ကြားသိခဲ့ရသည်ဖြစ်ရာ ခါတိုင်းနှင့်မတူ ယိုင်တိုင်ချိနဲ့နေပေပြီ။ လေးနှင့်မြား ကျောတွင်လိုက်ပါမှသူ၏စိတ်ဝိဥာဉ်ကလေး ရွှင်ပျစပြုလာသည်။တောလိုက်ကွင်းသို့ သန်းဝေကာ လျှောက်သွားရင်း သူသည် ရုတ်တရက် မိမိနံဘေးမှ ရုပ်ရည်သန့်၍အေးခဲနေသည့် သိက္ခာဟန်နှင့်ချောမောသောယောကျာ်းလေးကို မြင်မိ၏။

ကူးစူးလန်​၏အရှုပ်​​တော်​ပုံများ《MDZS,HOB,SVSSS  Fanfiction》Tahanan ng mga kuwento. Tumuklas ngayon