2 | Delicate

52 7 0
                                    

သို့
Wheein,


မင်းက အရူးမလေးပဲ...

မင်း တို့အတွက်ပဲ ပေးဆပ်ပြီး ရှင်သန်နေရတာကို နှစ်ခြိုက်နေတယ်လား? နေကြာပန်းက နေရှိရာကိုပဲ မျက်နှာမူသလို.. မင်းလည်း တို့ကိုပဲ လိုက်ကြည့်နေရတာ မပင်ပန်းဘူးလား?

မင်းရဲ့ဝင်သက်ထွက်သက်တောင်မှ တို့အတွက်နဲ့ ရှုသွင်းရှုထုတ်လုပ်နေတာကို မြင်နေရတာ.. အထီးကျန်ဆန်လိုက်တာကွယ်...

မင်းက တို့ကို နန်းဆန်အောင် တင်စားတယ်၊ ဟိုးနတ်ဘုံနတ်နန်းမှာပဲနေပြီး ဘယ်တော့မှ မြေပေါ်ဆင်းမလာမယ့် နတ်ဘုရားမတစ်ပါးလို့ မြင်တယ်။

ပြဿနာသေးသေးလေး ဖြေရှင်းပေးတာကိုတောင် ကယ်တင်ရှင်လူစွမ်းကောင်းကြီး ပုံပေါက်အောင် မင်းပြန်ပြောပြတတ်တယ်။

ဘယ်အရာမှာမဆို တို့က ဉာဏ်ကြီးရှင်အသွင်ပေါ်အောင် မင်းက စွမ်းဆောင်တယ်။

တကယ့် အရူးမလေးပဲ...

ရိုးသားဖြူစင်ပြီး အလုံးစုံ ပေးဆပ်ချင်လွန်းတဲ့မင်း.. ဒဏ္ဍာရီထဲက Shim Cheong လို မလုပ်စမ်းနဲ့...

မျက်မမြင်ဖခင်အတွက် ရည်စူးပြီး ဆန်အိတ်သုံးရာကို ဘုရားမှာလှူရင် မျက်စိပြန်မြင်လိမ့်မယ်လို့ ညာစားတာကို.. တကယ်ယုံပြီး မြစ်ထဲစတေးခံသွားတဲ့ Shim Cheong လို မလုပ်စမ်းပါနဲ့။ အနည်းဆုံး သူ့လိုလုပ်ချင်ရင်တောင် အသက်မသေမယ့်နည်းလမ်းကို အရှင်ရှာစမ်းကွယ်။

တကယ်တော့ တို့ဟာ တစ်ဖက်သတ်ဆန်လွန်းတဲ့ ဇာတ်လမ်းထဲ ရောက်နေကြတာပဲ Wheein.. မင်းက အကုန်ပေးတယ်၊ တို့က အကုန်ယူတယ်၊ ဘာမှတော့ ပြန်မပေးဘူး။

တကယ်တော့ မင်းတင် မဟုတ်ပါဘူး။ တို့လည်း အရူးပါပဲ။

တို့က မင်းကို စိတ်မချမ်းသာအောင် လုပ်တဲ့ လူဆိုးတစ်ယောက်။

တို့ဆီကနေ ယုယကြင်နာမှုကို မင်း ခဏခဏ ငံ့လင့်နေအောင် ရံဖန်ရံခါပဲ ပြတယ်။

ဒါတင်မကသေးဘူး၊ အိမ်ပြန်နောက်ကျတဲ့ တို့ကို စောင့်ကြိုဖို့အတွက်.. မင်းကို သခင်ပြန်အလာ မျှော်တဲ့ခွေးကလေးအဖြစ်ကို ရောက်စေသူ။ အမှန်ဆို မင်း စောင့်စရာမလိုဘူး။

တကယ်တော့ တို့သိခဲ့သင့်တာ၊ မြင်ခဲ့သင့်တာ။ တို့ကို ပေးဆပ်ခြင်းများစွာနဲ့ ချစ်ရင်း.. မင်း ကိုယ့်ကိုကိုယ်ရော တို့မဟုတ်တဲ့ တခြားသူတွေကိုပါ ချစ်ဖို့ကို မေ့လျော့သွားခဲ့တယ်ဆိုတာကိုလေ။

မင်းဟာ တို့ထင်ခဲ့သလို အချစ်ကြောင့် စုံလုံကန်းနေတဲ့သူ မဖြစ်ခင်က.. စိတ်ဝင်စားဖို့ကောင်းတဲ့သူတစ်ယောက်ဆိုတာကို သိထားခဲ့သင့်တာ။

တို့ကို မွန်းကြပ်စိတ်ပေါက်စေတဲ့အထိ ချစ်ခဲ့ပေမယ့်.. အဲဒီစိတ်ဖြစ်စေချင်လို့ မဟုတ်ဘဲ.. မင်းမှာရှိသမျှ အချစ်တွေကို တစ်ကြိမ်တည်းနဲ့ အကုန်ပုံအောပြီး ပြသနေခဲ့မှန်း.. သဘောပေါက်ခဲ့သင့်တာ။

အခုတော့ တို့နှစ်ဦးသား လမ်းပျောက်သွားခဲ့ကြပြီ။ တို့ဟာ တစ်ယောက်ကို တစ်ယောက်ဦးတည်နေကြတဲ့ မြားတွေမဟုတ်တော့ဘူး။

ဒီတော့ နောက်ဆုံးအနေနဲ့ ပြောခဲ့ပါရစေ...

မရူးစမ်းပါနဲ့ Wheein.. အချစ်ရူးရူးတာကို တို့မကြိုက်ဘူး၊ ဘယ်သူမှလည်း မကြိုက်ကြဘူး...

တို့အတွက် မရှင်သန်နဲ့၊ ကိုယ့်အတွက်ပဲ ကိုယ်ရှင်သန်ပါ။


မင်းသိစေဖို့
Ahn Hyejin

× × ×










The End.

Inspired by "Twit - Hwasa"

Flying Letters: LeonianWhere stories live. Discover now