6 | Got My Number

15 3 0
                                    

သို့
Wheein,

သူအဝေးရောက်နေချိန်.. တစ်ယောက်ယောက်ကိုများ လိုအပ်နေတယ်ဆိုရင်.. မင်းဆီမှာ တို့ဖုန်းနံပါတ်ရှိတာကို သတိရပါ Wheein...

တို့ကို ခေါ်လှည့်ပါ...

တစ်ခါခေါ်ရုံနဲ့တင် မင်းရဲ့ရမ္မက်ဆန္ဒအကုန် တို့ဖြည့်ဆည်းပေးနိုင်တယ်။ မွေ့ရာထက်မှာ သူ မင်းနဲ့အတူ မလုပ်တာတွေအကုန် တို့လုပ်ပေးမယ်။ အလိုရှိရင် တို့ကိုသာ ချက်ချင်း လှမ်းခေါ်လိုက်ပါ Wheein...

မင်းသိပြီးသားတွေပါ...

သဘာဝဆန်တဲ့ သွေးသားတောင့်တမှုကို မငြင်းဆန်ချင်ပါနဲ့။ အချိန်တန်ရင် တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ ဖြည့်ဆည်းပေးရမှာပဲဟာ။

ချစ်သူနဲ့ဝေးနေရချိန် "လိုအပ်မှု" ဆိုတာတော့ရှိလာတာပဲ။ တို့ဆိုလိုတာ ဘာလဲ မင်းသိပါတယ်။

နှလုံးသားက "အချစ်" ကြောင့် ဆာလောင်မွတ်သိပ်ခြင်း ကင်းပေမဲ့.. ခန္ဓာကတော့ "အချစ်" တစ်ခုတည်းနဲ့တင် ဘယ်တော့မှ ရောင့်ရဲတတ်မှာမဟုတ်ဘူးဆိုတာ မှတ်ထားပါ။

တို့နှစ်ယောက်ကြားမှာ မင်းနဲ့သူနဲ့လို "ချစ်ခြင်းမေတ္တာ" ဆိုတာ မရှိပေမယ့်.. သာမန်ရိုးကျ "attraction" တော့ ရှိတယ်လေ။

မင်းကို တို့တပ်မက်တယ် စွဲလမ်းတယ် လိုချင်တယ်။ မင်းလည်း ထိုနည်း၎င်းပဲဆိုတာ သိနေတယ်။

ဘယ်လိုသိသလဲ.. ဟုတ်လား?

ဟောဒီအသိကို မိန်းမတစ်ယောက်ရဲ့ဉာဉ်လို့ပဲ ဆိုကြပါစို့။

Wheein.. တို့ မင်းကို အင်္ကျီကြယ်သီးတစ်လုံးချင်း အေးအေးဆေးဆေး ဖြုတ်နေတဲ့အချိန်မှာ ဘာဆက်ဖြစ်မယ်ဆိုတာကို တွေးကြည့်ပြီး စိတ်လှုပ်ရှားလား?

နားသယ်စပ်ကို နမ်းတဲ့အခါ တဒုတ်ဒုတ်နဲ့ ရင်ခုန်လား?

တို့တစ်တွေ နှုတ်ခမ်းချင်း ထပ်တူကျသွားတဲ့အခါ တို့ဆီမှာ အညံ့ခံချင်စိတ် ဖြစ်ဖူးလား?

မဖြစ်ပါဘူး။ မင်း ဘယ်လိုမှ မနေပါဘူး။ မင်းအင်္ကျီကြယ်သီးတွေက အချိန်ယူပြီး အဖြုတ်မခံရဘဲ.. ဆွဲဖြဲခံရလို့ မင်းအိပ်ခန်းထောင့်တစ်နေရာထဲမှာ.. အခုထိ တစ်လုံးတစ်လေ ပုန်းအောင်းနေလိမ့်ဦးမယ်။

နောက်ပြီး မင်းကို အင်္ကျီချွတ်ပစ်နေတဲ့အချိန်မှာ.. မင်းကလည်း တို့အင်္ကျီကိုချွတ်ခွာဖို့ ကြိုးစားနေခဲ့တာမို့လို့.. ရှေ့ဆက်ဖြစ်မယ့်ဟာကို တွေးနေဖို့ ဘယ်မှာအချိန်ရှိမှာလဲ?

မင်းရဲ့နားသယ်စပ်ကို အနမ်းဖွဖွနဲ့တံဆိပ်ခတ်ပြီး လည်ကုပ်နားက မွေးညင်းနုလေးတွေဆီ တစ်ပွင့်ချင်း အနမ်းခြွေရတာထက်.. မင်းလည်တိုင်ဖွေးဖွေးတစ်လျှောက် ပွင့်ဖတ်နီနီတွေ ဆက်တိုက်ကြဲချသွားရတာ တို့ပိုသဘောတွေ့တယ်။

အဲဒီအချိန်မှာ မင်းဟာလည်း တို့အနမ်းတွေကို ရင်ခုန်နေမယ့်အစား.. လိုချင်တပ်မက်စိတ်နဲ့ သွေးဆူလာနေမှာပဲ။

နောက်တော့.. လက်တစ်ဖက်က တို့ခေါင်းကို ကိုင်ဖက်လို့.. နောက်တစ်ဖက်က တို့လည်ပင်းကို ခိုတွယ်လို့.. တို့ကြားချင်တဲ့တေးသွားချိုချိုလေးတွေ မင်းညည်းပြလိမ့်ဦးမယ်။

သံစဉ်ချော်သွားလို့ တို့ရယ်မိတဲ့အခါကျရင်.. စိတ်ဆိုးတတ်တဲ့မင်းက.. တို့ပခုံးကို ခပ်နာနာကိုက်ပြီး အပြစ်ပေးလိမ့်ဦးမယ်။

တို့နှုတ်ခမ်းတွေထပ်တူကျတဲ့အခါမှာ.. မင်းဘက်ကလည်း အညံ့မခံသလို.. တို့ဘက်ကလည်း အနိုင်မခံပါဘူး။

မီးခတ်ကျောက်နှစ်ခု အပြေးတွေ့ကြသလို.. မီးပွားတွေသာပွင့်ထွက်လေ့ရှိတဲ့ တို့ရဲ့ဆုံတွေ့မှုတိုင်းက.. ချစ်ခြင်းမေတ္တာဝေတဲ့နှီးနှောမှုတစ်ခုလို ဘယ်မှာများ နူးညံ့ချိုမြိန်နိုင်မှာလဲ?

ဒါဟာ မီးတောက်တွေရဲ့ဂုဏ်သတ္တိပဲ Wheein...

မီးလိုပြင်းပြတဲ့အာသာနဲ့ သူနဲ့ဂုဏ်ရည်တူဖြည့်ဆည်းမှုကသာ.. တို့ခန္ဓာတွေရဲ့တောင်းဆိုမှုကို ဖြေသိမ့်ပေးနိုင်တယ်ဆိုတာ.. မင်းသဘောပေါက်ပြီးသားပါ။

အဲဒါကြောင့်ပဲ.. ဖုန်းနံပါတ်အကြောင်းပြ မွေ့ရာစစ်တလင်းတွေက ဘယ်နှခါမှန်းတောင် မသိတော့တဲ့အထိပဲလေ Wheein...

လူတွေက ကိုယ်လိုချင်တာ ရအောင်ယူကြတယ်။ ချစ်ချင်တဲ့သူကိုချစ်၊ အိပ်ချင်တဲ့သူနဲ့အိပ်ကြတယ်။

ပြီးတော့ တို့က လျှို့ဝှက်တတ်သူ...

ဒါကြောင့်...

ဆက်ခေါ်လှည့်ပါ Wheein...

× × ×









The End.

Inspired by "Got My Number - Monsta X"

You've reached the end of published parts.

⏰ Last updated: Apr 13, 2020 ⏰

Add this story to your Library to get notified about new parts!

Flying Letters: LeonianWhere stories live. Discover now