part - 8

1.8K 72 3
                                    

part.8

chan's pov

ကဲအိမ်ပြန်ချိန်တန်ပြီ
ကလေးကို ပြန်လာပါ့မယ်ပြောထားတော့ပြန်ရအုန်းမည်
ကလေးပြောမယ့်စကားတွေကိုကြောက်နေမိတာတော့အမှန်ပဲ

ကလေးကိုလက်လွှတ်လိုက်ဖို့ဆိုတာ
ကျနော်သေရင်တောင်ဖြစ်မယ်မထင်ဘူး

ဒါနဲ့ကျနော်ဒီမှာ တစ်လလောက်ပဲနေမယ်လို့ wu papa ကိုပြောထားပါတယ်
ကလေးကဘာလို့များလိုက်လာပါလိမ့်

ကျနော့်ကိုကွာရှင်းမယ်ပြောဖို့များလား
ကျနော် တခြားနေရာမှာသာတည်ငြိမ်လိမ့်မည် ဒီနေရာတွင်တော့ကျနော်မတည်ငြိမ်နိုင်

စဉ်းစားရင်း လူကမောဟိုက်လာသည် ကလေးနဲ့မဝေးချင်ပါ
ဟူးးး parkchanyeol ရေ fighting

ကျနော် အိမ်ထဲကို အသာလေးဝင်ခဲ့လိုက်သည်  ကိုယ့်အိမ်ကိုယ်ခိုးကြောင်ခိုးဝက်ဝင်ရတာလဲ ဂွကျလှသည်

မီးတွေလည်းမထွန်းထားဘူးဆိုတော့ ကလေးအိပ်နေတာများလား
အွန်းလေ ကျနော်ကလဲ ည10နာရီထိုးမှပြန်လာသည်ဆိုတော့

yifan- park chanyeol ဒါဘယ်လဲ

chan's pov

ကလေးမအိပ်သေးဘူးပေါ့
ဘုရားအဆူဆူကယ်ပါ(မာဖီးယားခေါင်းဆောင်တို့ ဘုရားတရရှာပြီ)

chan- ကလေး အိပ်ပြီထင်တာ ကိုယ်က

yifan -ခင်ဗျားကိုစောင့်နေတာ ခင်ဗျား က ဝတ်ကျေတန်းကျေ လုပ်တာလား
ပြန်လာမယ်ပြောထားတာပြန်လာရင်ပြီးရောဆိုတဲ့သဘောလား

chan-မဟုတ်ပါဘူးကွာကိုယ်တစ်ကယ်အလုပ်ရှုပ်နေလို့
ကလေးပြောစရာရှိတယ်ဆိုပြောလေ

yifan ရဲ့ရှေ့တွင်အသာဝင်ထိုင်လိုက်သောchanyeol

yifan-ခင်ဗျား က ဘာလို့ တရုတ်ကိုပြန်မလာတာလဲ ဘာလဲကျနော်နဲ့ကွာရှင်းချင်လို့လားအဲ့တာဆို

yifan စကားမဆုံးခင်းဖြတ်ပြောလာသောchanyeol

chan-ကိုယ်ပင်ပန်းနေပြီ ကလေးရယ် ကိုယ်နားချင်ပြီ (ကလေးစီကကွာရှင်းမယ်ဆိုတဲ့စကားမကြားချင်ပါ)

yifan's pov

သူပြောချင်ရာပြောပြီးအခန်းထဲဝင်သွားပြန်တဲ့လူကြီး
ကျနော်ကသူကွာရှင်းချင်လဲကွာရှင်းမပေးနိုင်ဘူးပြောမလို့ဟာ
အခန်းထဲက ပြန်ထွက်လာသော လူကြီး
ကျနော့်စီ အကြည့်တစ်ချက်တောင်မပို့ပဲ
တခြားအခန်းထဲပြန်ဝင်သွားပြန်သောလူကြီး
ဘာလဲလူကြီးကကျနော်နဲ့တစ်ခန်းထဲကိုမနေချင်တော့တာလား
ကျနော် korea ရောက်ကတည်းကလူကြီးအိပ်သည်ဆိုတဲ့အခန်းမှာပဲဝင်နေခဲ့တာလူကြီး နဲ့ အရင်လို 
အရင်လိုပဲလူကြီးရင်ခွင်ထဲအိပ်ချင်မိလို့
လူကြီးကကျနော့်ကိုစိတ်များပြတ်သွားပြီလား

chan's pov

ကလေးစကားတွေကိုဆုံးအောင်နားမထောင်နိုင်လို့ထထွက်လာခဲ့လိုက်မိသည်
ပါးပေါ်ကိုစမ်းကြည့်လိုက်တော့ပူနွေးနွေး အရည်တချို့
ကျနော် ငိုနေမိတာလား
ကျနော်ကလေ
အပါးနဲ့အမား နာအေးမှာတောင်မျက်ရည်မကျခဲ့တဲ့ကျနော်က
ကလေးရေ ကိုယ်တော့  မင်းကြောင့်အရူးရင့်ပြီထင်ပါရဲ့
အခန်းထဲဝင်ပြီးရေးချိုးမလို့အဝတ်စားထုတ်တော့မှကလေးအဝတ်တွေတွေ့ရသည်
ကျနော့်ကလေးကျနော့်ကြောင့်စိတ်အနှောက်ယှက်ဖြစ်နေအုန်းမည်ဆိုးသောကြောင့်
ညအိပ်နဲ့မနက်ရုံးအတွက် ဝတ်ဖို့အဝတ်စားယူပြီးတွေ့တဲ့အခန်းထဲသာပြောင်းအိပ်လိုက်တော့သည်
ကျနော် တကယ်ပင်ပန်းနေပြီ
ဒီညတော့ အတွေး တချို့နဲ့မိုးလင်းမယ်ထင်ပါရဲ့

yifan's pov

မနက်မိုးလင်းကတည်းကလူကြီးအခန်းရှေ့စောင့်နေတာခုထိထွက်မလာသေးဘူး
လူကြီးစီက အနည်းဆုံးပွေ့ဖက်မှုလောက်တော့လိုချင်သည်
အခန်းထဲကထွက်လာပြီးကျနော့်စီအကြည့်တစ်ချက်တောင်မပို့တဲ့လူကြီး
တကယ်စိတ်တိုလာပါပြီ
စိတ်တိုနေတာနဲ့သူ့နောက်ကိုလိုက်ဖို့မေ့နေတာ
ပြေးသွားခဲ့တာတောင်လူကြီးရဲ့ဖိနပ်တောင်မမြင်လိုက်ရတဲ့အဖြစ်
တကယ်စိတ်တိုလာပါပြီနော်
လူကြီးရေ wu yifan အကြောင်းကောင်းကောင်းသိစေရမယ်
ကျနော့်ကိုလွယ်လွယ်နဲ့ထားခဲ့ခံမယ့်ကောင်များမှတ်နေလား

chan's pov
မနက်နိုးနိုးချင်းအခန်းရှေ့လာစောင့်နေတဲ့ကလေး
အဲ့လောက်တောင်ပဲလား ကလေးငယ်
ရွံတယ်ဆိုလဲ

ကိုယ်မင်းရှေ့မပေါ်လာမိအောင်နေမယ်လေ
ကိုယ့်ကိုတော့မကွာရှင်းပါနဲ့ကလေးစီက ကွာရှင်းမယ်ဆိုတဲ့စကားကိုကိုယ်တကယ်ကို မကြားချင်ဘူး
ကိုယ်တတ်နိုင်သလောက်ရှောင်ပေးမှာမို့ကလေး စိတ်ချလက်ချနေပါ

ကလေးရဲ့စကားတွေခံနိုင်ရည်မရှိလို့သာရှောင်နေရမှာ
တကယ်တော့ကလေးကိုမမြင်ရ ရင် မနေနိုင်ဘူး
ကလေးကို ပဲစိတ်ထဲအချိန်ပြည့်ထည့်ထားတဲ့ကျနော်
ညဘက်ဆိုလဲကလေးရဲ့ကိုယ်နွေးနွေးလေးကိုမှဖက်မအိပ်ရ ရင် ကျနော်တကယ်မအိပ်တတ်
ကလေးနဲ့မှအတူမစားရ ရင်စားမဝင်တော့တဲ့ ကျနော်
ဘယ်လိုများကလေးကို ကွာရှင်းပေးနိုင်မှာတဲ့လဲ
ကလေးရေကိုယ်မင်းကိုသေလောက်အောင်ချစ်တာပါ

-part -8 end
နောက်တစ်ပိုင်းကျရင် အကြီးအကျယ်ကွဲပြဲပါတော့မယ်နော်




ရက်ရက်စက်စက်ချစ် (complete)Where stories live. Discover now