1~

1.2K 154 11
                                    

တစ်ချို့တစ်ချို့သော မနက်တွေလို မန်နေဂျာက အသည်းအသန်နှိုးမှထရခြင်းမဟုတ်ပေမယ့် မျက်လုံးတွေကတော့ alarmသံတောင်မလိုဘဲ အကျင့်ပါစွာနိုးထလာတယ်…။ဒါပေမယ့် ချန်းယောလ်အိပ်ယာကမထဘဲ မျက်လုံးတွေကိုဆက်မှိတ်ထားလိုက်တယ်။ခနတော့ အတွေးတွေက ဟိုရောက်ဒီရောက်နဲ့ ဆယ့်ငါးမိနစ်အကြာမှာတော့ ပြန်ပြီး အိပ်ပျော်သွားတယ်။

သူပြန်နိုးလာတော့ နေ့ခင်းဘက်ဖြစ်နေပြီ။လိုက်ကာအထူကြီးတွေကာထားတာကြောင့်နေရောင်က အခန်းထဲ မဝင်ပေမယ့် အခန်းအပူရှိန်ကတော့ အနည်းငယ်မြင့်တက်နေသည်…။အချိန်အကြာကြီးအိပ်ထားတဲ့အခါ ဖြစ်တတ်တဲ့ မအီမသာနဲ့ ဆက်ပြီးအိပ်ချင်နေသလိုခံစားချက်မျိုးရှိနေပေမယ့် ချန်းယောလ် ပေအိပ်မနေတော့ဘဲ အိပ်ယာထ မျက်နှာသစ်လိုက်တယ်။သူရဲ့ အစာအိမ်က တစ်ခုခုကိုထည့်ပေးဖို့ အလွန်အမင်းတောင်းဆိုနေတာကြောင့်ပင်။
အရင်ကလို ခေါက်ဆွဲပြုတ်စားရင် ဝိတ်တက်တာရယ် မျက်နှာဖောင်းတာရယ်ကြောင့် စားဖို့တားတတ်တဲ့ မန်နေဂျာမရှိတော့ပေမယ့် ချန်းယောလ်က ထူးထူးခြားခြား အခုတော့ ခေါက်ဆွဲပြုတ်စားမနေချင်တော့ဘူး…။ရေခဲသေတ္တာထဲက အသင့်သောက်နို့ဘူးတစ်ဘူးရယ် ပေါင်မုန့်ထုတ်ရယ်ကို ဆွဲထုတ်ပြီး ထမင်းစားပွဲမှာ စိတ်မပါလက်မပါထိုင်ကာ စားနေရင်း လက်က ဖုန်ရဲ့ data connection ကို onပြီး ဘာရယ်မဟုတ်လျှောက်ကြည့်နေမိသည်…။

အဆိုတော် သရုပ်ဆောင်Chanyeolသည် ****program မှ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင့် အတည်ပြုပြောကြား။

အဆိုပါ programသည် Chanyeol ၏ လက်ရှိအနုပညာ လှုပ်ရှားမှုများမှ နောက်ဆုံးဖြစ်ပြီး…

သတင်းကို ဆက်မဖတ်တော့ပဲ အောက်က မှတ်ချက်တွေကို ဝင်ကြည့်လိုက်တယ်။

'ဒီနှစ်က Chanyeol အတွက် အရာအားလုံး ဆုံးရှုံးတဲ့နှစ်ပဲ'

'အခုတော့ အနုပညာလောကက နှုတ်ထွက်တယ် ပြောဖို့ပဲ ကျန်တော့တာပေါ့။ဟိုတလောကလည်း ရိုက်လက်စ ဒရာမာက နှုတ်ထွက်လိုက်ရပြီး လျော်ကြေးပေးလိုက်ရသေးတယ်ဆို'

'အား…မဖြစ်သင့်ဘူးမလား။oppa ဘာလို့ပြောင်းလဲသွားတာလဲ။အရင်က ငါ့တို့ရဲ့ချစ်ဖို့ကောင်းတဲ့ Chanyeol လေးပြန်လာပေးပါ'

Silence~Dove le storie prendono vita. Scoprilo ora