Echo × 099

1.2K 106 0
                                    

တစ်နေ့သ၌ 099 ကို အနိုင်ကျင့်ကာ Mission မလုပ်သေးဘဲ System Space ထဲတွင် အက်ခိုး အနားယူနေစဉ်ဖြစ်သည်..။

" ဟီးဟီး..."

ထူးဆန်းသော ရယ်သံကြောင့် အက်ခိုး မျက်ခုံးတို့ တွန့်တက်သွားရပြီး မှိတ်ထားသော မျက်လုံးတို့ကို ဖွင့်လိုက်ရသည်..။ သူမ လှဲနေသောနေရာဘေးတွင် ရပ်နေသည်က အသားညိုညို အရပ်ပုပု ကောင်မလေးတစ်ယောက်..မျက်မှန်ဝိုင်း ခပ်ကြီးကြီး တစ်ခုကို တပ်ထားသည့်အပြင် သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်လည်း ပါးစပ်ဖြဲ၍ ပြုံးပြနေသေးသည်..။ ထိုကောင်မလေး၏ ခြေထောက်နားတွင်တော့ အထုပ်ကြီး အထုပ်ငယ် အသွယ်သွယ်..။ 

" မမအက်ခိုး.. !! "

သူမ မျက်လုံးဖွင့်လာသည်ကို မြင်လိုက်သည်နှင့် ထိုကောင်မလေး၏ ချွဲချွဲနွဲ့နွဲ့ အသံက ထွက်လာသည်။ မျက်လုံးတို့ကလည်း ဘလင်းဘလင်း ထ ကာ သူမရင်ခွင်ထဲ ယခုပင် ပြေးဝင်ပစ်လိုက်ချင်ပုံ ပေါက်နေသောကြောင့် အက်ခိုး အသားပါတုန်သွားရသည်..။

ဟဲ့ ကလေးမလေး.. အီစီကလီ လုပ်တယ်ဆိုတာလေ..ဟော့ဒီက ငါလေး အက်ခိုးကပဲ သူများတွေကို လုပ်မှာ..။ ညည်းက ဘယ်လောက်သတ္တိရှိလို့ ငါ့လာအီဖို့ လုပ်နေတာတုန်း..။

" ဒီဒီ က မမအက်ခိုးကို မုန့်လာပို့ပေးတာပါ.. "

သူမ၏ ဒေါသပြင်းအားများထည့်လွှတ်ထားသော အကြည့်ကို မသိချင်ယောင်ဆောင်က ကောင်မလေးက ပြုံးပြုံး ပြုံးပြုံး နှင့် ဆက်ပြောနေသည်..။

" မမအက်ခိုး နားနေတယ် ဆိုပြီး သတင်းရလိုက်လို့..  Breakfast ဘာမှ မစားဘဲ နေနေမှာစိုးလို့လေ..ဒီဒီက မုန့်တွေ ဝယ်လာပြီးလာပို့တာ.။ အဲဒါ မမ ဘာကြိုက်မှန်းမသိလို့ တွေ့တာအကုန်ဝယ်လာခဲ့တယ်..။ ဒါက အော်ဂဲနစ် မြီးရှည်..၊ ဒါက ငါးသလောက်ဥနဲ့မုန့်ဟင်းခါး ၊ ဒါက ကောက်ညှင်းပေါင်းနဲ့ အကြော်စုံ ၊ ဒါက နာမည်ကြီးဆိုင်က ဒင်းဆမ်း ၊ ပြီးတော့ မမက ကော်ဖီကြိုက်လား လက်ဖက်ရည်ကြိုက်လားမသိလို့ နှစ်မျိုးလုံးဝယ်လာတယ်..ပြီးတော့ လာတဲ့လမ်းမှာ ကြက်ကြော်ဆိုင် တွေ့တာနဲ့ ကြက်ကြော်ရော ဘာဂါရော...."

ကရားရေလွှတ်သလို တတွတ်တွတ်ရွတ်ပြီး ဝယ်လာသမျှ မိတ်ဆက်နေသော ကလေးမကြောင့် အက်ခိုးခေါင်းပါ ကိုက်တက်လာရသည်..။ ငါ့ကို မုန့်ဝယ်ကျွေးတာလား စားပိုးနင့်အောင် လုပ်ကြံတာလား ကလေးမ..။

Fanfiction Book Of RuptureWhere stories live. Discover now