Snakey × Foxy Sidestory

617 84 8
                                    

" ဝေးဝေးသွားစမ်းပါ မြေခွေးရယ်.. "

Orochi တစ်ယောက် ညှို့ငင်သောအပြုံးတို့ကို ပြုနေပြန်သည့် Kitsune ကို ကြည့်ရင်း သက်ပြင်း တစ်ချက်ချသည်..။ ဒီမြေခွေးကောင်ဟာ သူ့ကို မြှူဆွယ်နေပြန်ပြီ..။

နီစွေးနေသော အမြီးကိုးချောင်းကို ခပ်ဖွဖွ ခတ်နေရင်း Kitsune မျက်နှာက မချိုမချဉ်..။ ဒီတစ်ခေါက် မင်း ဘယ်လောက်ကြာအောင် တောင့်ခံနိုင်မလဲ ငါကြည့်မယ် ဟူသည့် မျက်နှာအမူအယာက အထင်းသား..။ Orochi တစ်ယောက် သက်ပြင်းကို နောက်တစ်ကြိမ် ထပ်ချရပြန်သည်..။

သခင်မ အခန်းထဲဝင်သွားသည့် အချိန်မှစ၍ ကီရင် တစ်ကောင်သာ ကျောကော့ပြီး အပေါ်ပြန်တက်သွားသော်လည်း သူတို့ကတော့ သခင်မခိုင်းစေထားခဲ့သည့် အလုပ်များကို ဆက်လက်လုပ်ကိုင်နေခဲ့ကြသည်..။ Seimei မျိုးဆက်၏ အစွမ်းအထက်ဆုံး နောက်ဆုံး အိမ်တော်သခင်မသည် နှစ်တစ်ရာ အထိ ရှင်သန်သွားသည် ဟူသော ပုံစံမျိုးကို ပြနိုင်ရန် သူတို့လေးယောက်လုံး အလုပ်ကြိုးစား နေကြလေသည်..။ သခင်မ ခိုင်းခဲ့သမျှကို အရပ်လေးမျက်နှာသို့ ခွဲထွက်လုပ်ဆောင်ကြပြီး အားသည့် အချိန်တွင်တော့ တစ်ယောက်တစ်လှည့်စီ အိမ်တော်သို့ ပြန်လာ၍ အခြေအနေကို ကြည့်ရှုကြသည်။ ထိုသို့ပြန်လာချိန်က အတိအကျမသတ်မှတ်ထားဖြစ်၍ Orochi တစ်ယောက် ယခုတစ်ခေါက် ပြန်လာချိန်တွင် Kitsune နှင့် တိုးနေခြင်း...။

သွယ်လျသော Kitsune ၏ လက်ချောင်းများက Orochi ရင်ဘတ်ပေါ်တွားတက်လာပြန်သည်..။ အလွန်နီးကပ်စွာ အုပ်မိုးလာပြီ ဖြစ်သည့် Kitsune ၏ ခန္ဓာကိုယ်မှ ဆွဲငင်နိုင်သော အငွေ့အသက် တချို့ကိုလည်း ထုတ်လွှတ်လျက်ရှိသည်..။

နီရဲလာသော မျက်နှာဖြင့် Orochi တစ်ယောက် တောင့်မခံထားနိုင်တော့ပဲ အသက်ပြင်းပြင်းရှိုက်ကာ Kitsune လက်ကို ဖမ်းဆွဲ၍ ကြမ်းပြင်ပေါ်သို့ ကျောကပ်စေလိုက်သည်။

မခိုးမခန့် ရယ်သံက Kitsune ၏ နှုတ်ဖျားမှ ခပ်သဲ့သဲ့ ထွက်လာသည်။

" မင်း မှတ်မိလား.. မင်းရဲ့ ဒီအခန်းမှာပဲ ငါတို့ ပထမဆုံးအကြိမ်ကို ကျော်ဖြတ်ခဲ့တာ.. မင်းငါ့ကို ဒီကြမ်းပြင်ပေါ်ပဲ တွန်းလှဲခဲ့တာလေ.. အဲဒီ့တုန်းက ငါတို့ ဘယ်နှစ်ရက်ကြာသွားတာပါလိမ့်... "

Fanfiction Book Of RuptureWhere stories live. Discover now