Happy Ending - Chapter -24

3.6K 500 78
                                    

Singto တစ်ယောက် Pattaya သွားသည်မှာ ခြောက်ရက်တိတိရှိပြီဖြစ်သည်။ရက်တိုင်းညစဉ်လိုလိုဖုန်းပြောဖြစ်ကြသည်.။မသိ လျှင် သူတို့အဖြစ်ကလည်းတကယ့်ချစ်သူရည်းစားတွေလိုပင်။ ဒီရက်ပိုင်းတော့ Jannak နှင့်မတွေ့ဖြစ်။ Jannak က ဂျပန်ကို အလုပ်ကိစ္စနှင့်သွားရသည်မှာ တစ်နေ့ က ကတောက်ကဆဖြစ်ပြီးသည့်အချိန်ကတည်းကဖြစ်သည်။ ယခု All In တွင်  သူတို့ပြိုင်ပွဲဝင်ထားသည့် ဆုရဒီဇိုင်းများကို ပုံဖော်ဖို့ကြိုးပမ်းနေကြပြီမို့ All In ၏ ပေါ်ထွက်လာမည့် ဒီဇိုင်းအတွက် ဈေးကွက်ဌာနရော ထုတ်လုပ်ရေးဌာနတွေပါမကျန် အကုန်အလုပ်များနေကြသည်။

ဒီနေ့သောကြာနေ့မို့ Krist ကတော့ မနေနိုင်တော့။ သူ Pattaya ကိုလိုက်သွားချင်လှသည်။  Jannak ၏ ဒေါ်လေး Mae Ya ကလည်း Mae နှင့်အိမ်မှာအေးဆေးစကားပြောရန်လာအိပ်သဖြင့် Krist အတွက် အားလုံးက ရေကန်အသင့်ကြာအသင့်ပင်ဖြစ်သည်။ Mae ကိုစိတ်ပူနေစရာမလိုတော့.။ကျောပိုးအိတ်တစ်လုံးကောက်လွယ်ကာ ရ ရာကားဖြင့် သူ့ဆီခြေဦးတည်ခဲ့တော့သည်.။

Krist တကယ်ကို နားမလည်နိုင်.။သမားရိုးကျ သူ့ဘ၀ထဲ Singto ဆိုသည့်လူသားက အဘယ်ကြောင့်များ ယခုလောက်ထိ စိုးမိုးဝင်ရောက်ခဲ့သလဲ ဆိုတာ.။ နေ့ရက်တိုင်းကို Singto အနားရှိချင်သည်။ ဂရုစိုက်ပေးချင်သည်.။ကိုယ်တိုင်ကလည်း ဂရုစိုက် ခံချင်သည်။

ဖြစ်နိုင်ခြေအရှိဆုံးကတော့ Krist ကိုယ်တိုင်ကပင် Singto အတွက် စိတ်တံခါးကို ကိုယ်တိုင်ဖွင့်ပေးခဲ့ခြင်းသာဖြစ်ပါလိမ့်မည်။

မိမိအိမ်လေးကို အရင်မပြန်ဘဲ Singto ၏တိုက်ခန်းရှိရာသို့ အရင်လာခဲ့လိုက်သည်။ဟိုးကတည်းက ရှိထားခဲ့သည့် သော့လေးဖြင်ပင် အခန်းတံခါးကိုဖွင့်ဝင်လိုက်သည်။  သူ ပြုံးမိသွားပါသည်။ အခန်းသည်သပ်သပ်ရပ်ရပ်ဖြင့် ရှင်းလင်းနေသည်။ ၀တ်ပြီးသားအ၀တ်တစ်ချို့တို့ကိုလည်း ခြင်းတောင်းထဲတွင် သေသေချာချာထည့်ထားသည်။ ရေခဲသေတ္တာထဲတွင်လည်း ချက်ထားဟန်တူသော ဟင်းတစ်ချို့ကို တွေ့ရသည်။ ညနေစောင်းစပြုနေပြီဆိုတော့ Singto က ကလပ်မှာပင်ရှိနေလိမ့်ပေရော့ မည်။
မနေနိုင်သည့်စိတ်က ရေချိုးခန်းထဲက အ၀တ်လျှော်စက်ထဲ သူ့အ၀တ်ပေတွေကိုထည့်ပေးလိုက်မိသေးသည်။ အ၀တ်တွေကို ရေစစ်ပြီးမှ ချိတ်ဖြင့် လှမ်းကာ တိုက်ခန်းထဲက ထွက်လာခဲ့လိုက်သည်။ Singto မြင်လျှင်သေချာပေါက်အံ့သြသွားမှာပင်။ သူ ကြိုပြောထားတာမရှိ.

Happy EndingWhere stories live. Discover now