Part 9

2.1K 265 3
                                    

(Uni)  . . . . I love you. . . .🎵🔂➰..... . .

စကားပြောနဲ့သံစဉ်ကိုတွဲလုပ်ဆောင်ပေးထားတဲ့ စာအုပ်ဖြစ်၍ ရှား တော်တော်လေးသဘောကျသွားလေသည်။

ညအိပ်ခါနီးတောင် ထိုစာအုပ်ကို ဖတ်နေရင်း. . . . . . . . .

🕚🕚🕚🕚🕚🕚🕚🕚🕚🕚🕚🕚🕚🕚

မီးကလည်း ဆယ်နာရီမှာပိတ်သွားတော့ တစ်ခန်းလုံးမှောင်နေသော်လည်း ရှေ့ဘက်အုပ်စုက ကမြင်းကြောထကြသည်။

"ဟေ့ကောင်. . . ငါတို့တွေ သရဲကြောင်းပြောတမ်းကစားရအောင် . "

စလိုက်တဲ့သူက ရဲသော်ပင်။ ပေါက်တောက်ငရ ထွေရာလေးပါး အကုန်လုပ်တဲ့ ငနဲပါ။

"ဘယ်လို ပြောရမှာလဲ . . "

"ပုလင်းလှည့်တိုင်း ကစားမယ် ဖယောင်းတိုင်မီးထွန်းပြီး. . . . မင်းတို့သရဲခြောက်တာခံဖူးချင်ကြတယ်မလား. . . ညကိုသရဲကြောင်းပြောရင် သရဲတကယ်လာတယ်တဲ့. . . . "

"OK. .   "

တစ်ဖွဲ့လုံးကလည်း တက်တက်ကြွကြွနဲ့ ဖယောင်းတိုင်တစ်တိုင်ကို ခလယ်မှာထွန်းလိုက်ကြသည်။
ထို့နောက် လှဲထားသောပုလင်းကိုစလှည့်တော့၏။
ပုလင်းရဲ့ထိပ်က ဇွဲဘက်သို့လှည့်သွားလေသည်။

"အဟေး. . . . . ကဲ စပြောတော့ ဇွဲ. . . "

"ငါပြောမယ့်သရဲက အိပ်စောင့်သရဲအကြောင်း. . . . . "

တိတ်ဆိတ်နေတဲ့အထဲမှာ သူ့ရဲ့တုန်တုန်ယင်ယင်အသံက ခြောက်ခြားဖို့အသွင်ဆောင်နေပေသည်။

. . . . .ငါပြောပြမယ်ကွ. . .ညတိုင်းညတိုင်း မင်းတို့တွေ စင်္ကြံနားမှာခြေသံတွေကြားရတယ်မလား. . . . . . .

. . . . . . .အေး. . . . . ငါဆိုကြောက်လို့အိမ်သာတောင်မသွားရဲဘူး.  . . . . . . .

. . . . .အဲ့ဒီစင်္ကြံမှာ သရဲရှိတယ်တဲ့ . . . .  . . .

. . . . .မင်းဟာကဟုတ်လို့လားကွာ. . . . . . .

. . . .အင်း.  . . . . . .ဒီကျောင်းကြီးစဖြစ်လာကတည်းကကျောင်းကြီးမှာမိဘမဲ့ကလေးတွေကိုစောင့်ရှောက်တဲ့ အထိန်းသယ်တစ်ယောက်ရှိတယ်တဲ့ကွ . . . ညတိုင်း ကလေးတွေကိုချော့သိပ်ရတယ်တဲ့ . . .ဒါပေမယ့် ညကြီးတညမှာ အဲ့ဒီမိန်းမကြီးက ဘုရားရှင်ရဲ့ရှေ့တည့်တည့်မှာ ကြိုးကွင်းစွပ်သေတာတဲ့ကွ. .  . . . .

Piano Ghost (Complete)Where stories live. Discover now