Part 16

1.9K 237 8
                                    

(Uni) မနက်လင်းတဲ့အခါမှ ခေါင်းကနာကြင်မူတစ်ချို့နှင့်အတူ ရှားရဲ့အမြင်လွှာတို့ပွင့်ဟလာခဲ့သည်။

. . . . . . .Ar. . . . .ကျွတ်ကျွတ်. . . . . , . . . .

*ငါ ဘာဖြစ်သွားတာလဲ. . . *

ခေါင်းကို လက်နဲ့ဖိလိုက်ရင်း အိပ်ယာပေါ်ကနေသူထလာလိုက်သည်။

''ဟင် မနေ့ကငါကြမ်းပြင်ပေါ်မှာလဲကျသွားတာမလား. . . . ''

သူပြန်စဉ်းစားတော့ သူကြမ်းပြင်ပေါ်မှာလဲကျသွားခဲ့တာကိုသူမှတ်မိသည်။ သို့သော်သူဘယ်လိုလုပ်ပြီးကုတင်ပေါ်ပြန်ရောက်နေတယ်သူ မသိ။

''အကိုပြန်တင်ပေးထားတာ. . . ''

အဝတ်အစားလဲနေရင်းကနေ သံသယစိတ်ဖြစ်နေသောရှားအတွက် စစ်သွေးပြန်ရှင်းပြလိုက်လေသည်။ ဤသည်ကိုရှားသေချာနားမလည်။

''ခင်ဗျာ. . . ''

''မင်းအိပ်ရေးကြမ်းတယ်ထင်တယ် အကိုတစ်ရေးနိုးတော့ မင်းကုတင်ပေါ်ကပြုတ်ကျနေတာလေ. . . အဲ့ဒါကြောင့် အကိုပြန်တင်ပေးထားတာ. . . ''

သူ့ရဲ့ပိုးလိုးပက်လက်ပုံစံကို စစ်သွေးမြင်သွားမည်မှာအမှန်ပင်။ ထိုသို့ဖြစ်ပျက်နေသောသူ့ကို စစ်သွေးက ကုတင်ပေါ်ပြန်တင်ပေးခဲ့သည်ဆိုတော့. . . .

*ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ရမှာလား. . . . . . *

အို . . . တော်ပါ. . . . စစ်သွေးကို သူလုံးဝစကားမပြောဘူး. . အပေါင်းအသင်းမလုပ်ဘူးလို့ ဆုံးဖြတ်ထားခဲ့သည်မဟုတ်လား။

ဘာလို့ကျေးဇူးတင်ပါတယ်ပြောရမှာလဲပေါ့။
သူက ပြန်ခင်အောင်ဘယ်လိုကြိုးစားကြိုးစား လုံးဝစိတ်မပါဘူးဟု ရှား ခိုင်မာစွာဆုံးဖြတ်ပြီး ဘာမပြောပဲ ငြိမ်နေခဲ့လေသည်။

စစ်သွေးခမျာ သူ့ဘက်ကဘာများဆက်ပြောလိမ့်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ အကျီၤလဲနေရင်းကနေ ရှားဆီသို့တစ်ချက်လှည့်ကြည့်လိုက်မိ၏။

သို့သော် ထိုလဒလေးက သူ့ကိုစောက်ဖက်မလုပ်ပဲ တစ်ဖက်သို့လှည့်ပြီး ထလိုက်လေသည်။

🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈🔈

. . . . ဟေ့ကောင်တွေ. . . ဟေ့ကောင်တွေ. . . မင်းတို့သိပြီးကြပြီလား. . . ကျောင်းသူလေးယောက်ဒီနေ့ကျောင်းကနေအထုတ်ခံရတယ်တဲ့. . . . .

Piano Ghost (Complete)Onde as histórias ganham vida. Descobre agora