ရှာရမယ် (ရှာရမယ်)

4.5K 739 116
                                    

"ငဖြိုးက မွန်းကြပ်ချုပ်နှောင်ထားတဲ့ ဒီမိသားစု ဒီလုပ်ငန်းခွင်အတွင်းထဲက ဖောက်ထွက်ပြီး သူ့အတွက် ကမ္ဘာသစ်တစ်ခုမှာ အိုအေစစ်တစ်ခုတည်ဆောက်ခဲ့တယ်၊ အဲ့ဒါက Jaxပဲ၊ အခုအာဂျုးရှီးတို့ သိလာရတဲ့ Jaxက Followers သိန်းကျော်ရှိတဲ့ အောင်မြင်နေတဲ့ Online Writerတစ်ယောက်ပါ၊ Jaxက ငဖြိုးရဲ့ Dark sideပဲ"

ခွန်းနှင့်မှူး ပြောစရာစကားတွေ ဆွံ့အနေသည်။ တစ်ခါမှမစဉ်းစားမိတဲ့ အဖြစ်။ Jaxကို တစ်ချိန်လုံး ကိုဖြိုးဝေ၏လိင်တူချစ်သူ၊ M N E M O P O B I A စာအုပ်အဝါပေးခဲ့သူအဖြစ် ကောက်ချက်ချခဲ့တာ။

"Jaxအကောက်ကို လေ့လာကြည့်ပါ၊ အာဂျုးရှီးတို့ သိထားတဲ့ ထက်ဖြိုးဝေနဲ့ အပြောအဆို အမူအကျင့် အတွေးအခေါ်တွေက တခြားစီဖြစ်နေလိမ့်မယ်၊ Jaxနဲ့ထက်ဖြိုးဝေက တစ်ယောက်တည်းပဲ၊ ဒါပေမဲ့ ... ထက်ဖြိုးဝေပျောက်ဆုံးမှုက Jaxနဲ့ လုံးဝ မသက်ဆိုင်ဘူး၊ ငဖြိုးက Jaxနဲ့ထက်ဖြိုးဝေ ဘဝနှစ်ခုကို မရောထွေးချင်ဘူး၊ Jaxက ပိတ်လှောင်နေတဲ့ ထက်ဖြိုးဝေဘဝရဲ့  ထွက်ပေါက်တစ်ခုပါ၊ စိတ်အေးချမ်းသာစွာနေလိုတဲ့ Jaxအဖြစ်မှာ ထက်ဖြိုးဝေရဲ့ လက်တွေ့ဘဝမိသားစုရေး၊ ဆွေမျိုးရေး၊ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှု့တွေမှာ မလိုလားအပ်တဲ့ ပြဿနာတွေ အရှုပ်အထွေးတွေ မဖြစ်စေလိုဘူး၊ ဒါကြောင့် Jaxက ထက်ဖြိုးဝေဖြစ်ကြောင်းကို ဘယ်တော့မှ လူလုံးထွက်မပြဘူး၊ Jaxက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်နေထိုင်တယ်၊ သိနေတဲ့ မီးတစ်ယောက်ကိုလည်း သူရေးသမျှစာအကုန် မူပိုင်ခွင့်ပေးမယ် ကတိနဲ့ ဘယ်သူ့ကိုမှ မပြောဖို့ နှုတ်ပိတ်ထားတယ်"

မီးက တည်ကြည်သော အကြည့်၊ ငြိမ်သက်သော အမူအရာနဲ့ ခွန်းနှင့်မှူးကို လေးလေးနက်နက် ကြည့်ကာ ...

"မသက်သာတဲ့အဖြစ်ကြောင့် အခု မီးဘက်က ကတိဖျက်ပြီး အာဂျုးရှီးတို့ကို ပြောမိသွားပြီ၊ အာဂျုးရှီးတို့ Jaxနဲ့ထက်ဖြိုးဝေဘဝနှစ်ခုကို ရောသမမွှေ မဖော်ထုတ်ကြဖို့ မေတ္တာရပ်ခံပါတယ်၊ မီးအထပ်ထပ် အတန်တန်ပြောပါ့မယ်၊ အခု ငဖြိုးပျောက်နေတာက Jaxနဲ့ လုံးဝမဆိုင်ပါဘူး၊ ၊ Jaxက ငဖြိုးဖြစ်ကြောင်း သိတဲ့လူ မီးတစ်ယောက်ပဲရှိတယ်၊ ငဖြိုးတစ်နေရာရာမှာ ကောင်းကောင်းမွန်မွန်ရှိနေမှာပါ၊ အာဂျုးရှီးတို့အဖြစ်က အလုပ်မရှိ ကြောင်သန်းရှာနေသလိုပဲ"

P I E C E SWhere stories live. Discover now