အပိုင်း (4)

2.8K 240 13
                                    

"ကျွန်တော် အမှန်တွေပြောနေတာပါ ။ ဘယ်လိုလုပ်ပြီး ကျွန်တော်လိမ်မလဲဗျာ '' ဒေါက်တာ kyung soo တစ်ယောက် kris မယုံသင်္ကာ ဖြင့်မေးတာကိုပြန်ဖြေသည်။

"ဘုရားရေ.... ''

Kris တစ်ယောက် အသက်ကိုပြင်းပြင်းရှူ ပြီး စိတ်ငြိမ်ရန်မနည်းလုပ်နေရသည် ။

အိပ်မောကျနေတဲ့ chanyeol ကိုလည်းကြည့်မိသည်။

"ကျွန်တော် သာမန်စစ်ဆေးမှုပဲလုပ်ရသေးတာ ။ တချို့စစ်ဆေးမှုတွေက မှားချင်မှားနေနိုင်တယ် ။
သေသေချာချာသိချင်ရင်တော့ မနက်ဖြန်ဆေးရုံလာပြပါ အဆင်ပြေရဲ့လား '' ဒေါက်တာကမေးပေမယ့် kris ဘာမှပြန်မဖြေနိုင် ။

"ကျွန်တော့်ကိုခွင့်ပြုပါဦး '' ဒေါက်တာက ပြောမှ kris အပေါက်ဝထိဒေါက်တာကိုလိုက်ပို့ရသည်။

အခန်းထဲပြန်ရောက်တော့ chanyeol မျက်နှာကိုသေချာကြည့်မိသညိ ။ ဘယ်လိုတောင်ဖြူဖျော့နေတာလဲ ။

Chanyeol ကြည့်ရတာ ဗိုက်အရမ်းနာလို့ငိုချင်နေတဲ့ပုံ တစ်ချက်တစ်ချက် တွန့်သွားသေးသည်။

Kris လည်း chanyeol ဘေးနားလှဲပြီး chanyeol ကိုရင်ခွင်ထဲထည့်ကာထွေးဖက်ထားမိ၏။

ကျေးဇူးတင်ပါတယ် ဘုရားသခင်...

"Chanyeol '' kris က နာမည်ခေါ်လိုက်ပေမယ့် chanyeol ကပြန်မထူး ။ ခေါ်သံကို
chanyeol ကြားမှန်း kris သိသည် ။

"ကိုယ့် ကိုလက်ထပ်ပါ chanyeol'' kris ပြောလိုက်တော့ တအံ့တသြနဲ့ Chanyeol က kris ရင်ခွင်ထဲမှနေ၍မော့ကြည့်လာ၏။

"တကယ်လို့ ကျွန်တော်တို့နောက်ကျရင် ကွာရှင်းခဲ့ကြရင် ကလေးလေးကို ကျွန်တော်နဲ့ထည့်ပေးမှာလားဟင် '' chanyeol မျက်ရည်တွေဝဲပြီး ကမေးသည်။ kris တစ်ယောက်တော်တော်ဆွံ့အသွားသည် ။ ခနလောက် ဘာမှပြန်မပြောနိုင်။

"အမ်...... ဒါဆို ကိုယ်ကရော? "

Kris တစ်ယောက် စသလိုလိုနဲ့မေးကြည့်တော့ chanyeol ကနှုတ်ခမ်းဆူလေ၏။

Kris တစ်ယောက် chanyeol ကိုပိုပြီးတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်သည် ။ ကိုယ့်ရင်ခွင်ထဲ စိတ်ချ လက်ချသာအိပ်ပါ chanyeol....

တကယ်ဆို ဒါဘယ်လိုအခြေအနေကြီးလဲ? ...

"တစ်ပတ်တစ်ခေါက်လာတွေ့လို့တော့ရပါတယ် ''
Chanyeol ကဖြေသည်။
Kris ရဲ့ရင်ခွင်ထဲမှာ နေနေတာမို့ chanyeol ရဲ့မျက်နှာက kris အကျီနဲ့ကပ်နေသည် ။ စကားပြောတော့ အကျီက ကာထားသဖြင့် ပလုံးပထွေးဖြစ်နေသည်။ chanyeol တစ်ယောက်ပြူံးလိုက်မိပြီး kris အကျီကို ပါးဖြင့် ပွတ်မိ၏။

Bad Luck (Completed)Where stories live. Discover now