အပိုင်း (6)

2.6K 227 16
                                    

"ကလေး ရှာနေတဲ့ ဖရဲသီး တွေ့ပြီလား '' kris က မေးရင်း chanyeol ခါးလာဖက်သည် ။

Chanyeol ကခေါင်းယမ်းပြရင်း ကောင်မလေးတွေက သူ့ကိုနှောက်ယှက်နေကြောင်းတိုးတိုးလေးပြောပြသည် ။

"သူတို့ကရော ဘယ်သူတွေလဲ ''
Kris မေးလိုက်တော့ ကောင်မလေးတွေက kris တို့နှစ်ယောက်ကို အံ့သြပြီးကြည့်နေကြသည် ။

"ကိုယ်ဝယ်ခဲ့တယ် လာသွားကြစို့ကလေး '' ဆိုကာ Chanyeol ခါးဖက်ရင်း ကောင်တာကို ငွေရှင်းဖို့သွားသည် ။ မသွားခင်ကောင်မလေးတွေကို kris က ဒီကောင်လေးက ငါ့အပိုင်ဆိုတဲ့သဘောမျိုးနဲ့ မဲ့ပြူံးပြုံးပေးလိုက်သည် ။ ကောင်မလေးတွေကတော့ ထိုနေရာတွင် တောင့်တောင့်ကြီးရပ်ကျန်နေကြလေရဲ့ ။

ဘယ်လိုတောင် စည်းကမ်းမရှိတဲ့ အပျက်မတွေလဲ ။ ရာရာစစ chanyeol ကိုများလာခေါ်ရတယ်လို့ ။

ပိုက်ဆံရှင်းပြီး supermarket ထဲကထွက်လာကြသည် ။ ထွက်လာတော့ kris ကခပ်တည်တည်ပဲ chanyeol လက်ကိုဆုပ်ကိုင်လိုက်သည် ။ Chanyeol က လက်ကိုငုံ့ကြည့်ရင်းအံ့သြသွားဟန် မျက်လုံးလေးပြူးကြည့်လာသည်။

"ကိုကို ''

မချင့်မရဲ ခေါ်လာသော chanyeol အားလှည့်ုကြည့်မိသည် ။

"ခုနက လေ ရေခဲမုန့်လေးခု ဝယ်ကျွေးမယ် ပြောတာလေ အဲတာနှစ်ခုကျန်သေးတယ်နော် ''
ဆိုပြီးလက်လေးနှစ်ချောင်းထောင်ပြသည်။

"အင်း ကလေးကစားချင်လို့လား  အစားပုတ်လေးပဲ ဟားဟား '' Chanyeol ရဲ့ နှဖူးလေးကို မနာအောင်လက်သီးဆုပ်ဖြင့် ဖွဖွထုမိသည် ။

"ညနက်နေပြီဆိုတော့ နောက်နေ့မှပဲစားတော့ အိမ်ပြန်ရောက်ရင် အိပ်ကြစို့လေ နောက်နေ့လည်း ကိုယ်ဝယ်ကျွေးမှာပါကွာ ''

"တကယ်နော် ကိုကို ကတိ''

"ကတိပေးပါတယ်ဗျာ  ''

............................................................

လမ်းလျှောက်လာရင်း chanyeol တစ်ယောက် ခနဟုဆိုကာ လမ်းပေါ်တင် ဆောင့်ကြောင့်ထိုင်လေ၏။

"အ..''

"ကလေးဘာဖြစ်တာလဲ ''

"ခြေထောက်... ခြေထောက်နည်းနည်းနာနေလို့ ''

Bad Luck (Completed)Where stories live. Discover now