Part_11

1.9K 67 1
                                    

ဒီဇင်ဘာနှောင်းပိုင်းရောက်လေလေ ချမ်းစိမ့်မှု့တွေကအကဲပိုလေ ။အအေးလိုင်းဖြတ်ရတာနဲ့ဘာနဲ့ ရေတောင်တစ်ရက်တစ်ခါမှန်မှန်မချိုးရဲ တော်ကြာမိဘကပြန်ပြုစုနေရရင်ကြားမကောင်းသေးဘူး အလုပ်သိမ်းပြီးပြန်လာရင် လမ်းမှာနဲ့တင်ကိုမှောင်နေပြီလေ ။

အခုရက်ပိုင်း အလုပ်လုပ်ရတာသိပ်အဆင်မပြေမလှဘူး  သြ အလွမ်း အလွမ်း မတွေ့ဖြစ်ကြဘူးလေ ။ကိုယ့်အလုပ်နဲ့ကိုယ်တောင် ဒီဘက်လှည့်ကုပ်မအားဘူး ။အဲ့ကြားကကို အလုပ်ထဲအလွမ်းဒဏ်ပိပြီး အလွဲတွေလုပ်နေလို့လေ အဆင်မပြေရတာ ။
ဟော ခုလည်းကြည့် ရုံးကို report ရေးပြီးတင်မလို့ စရေးမိတာ ဝမ်ဝမ်း တဲ့လား ကောင်းကွာ !!

မဖြစ်သေးဘူး နောက်ပြီးကျဒါ့ထက်အရေးကြီးတဲ့အတွက်အချက်စာရင်းဇယားလုပ်ရမှာ ဝမ်ဝမ်း ကလေးရေ ခဏလောက်ဖြစ်ဖြစ် ငြိမ်ငြိမ်ပေးနေလေနော် မဟုတ်ရင် အထက်ကဝိုင်းလှော်လိမ့်မယ် ။

အဲ့လိုလျှောက်ပြောလိုက်တော့လဲ အဟုတ်ပဲ စာရင်းတွက်တာ အရင်နေ့ကထက်မြန်ပြီး ပိုတောင်အဆင်ပြေလို့ ဟ ဟ။
ငါနဲ့telepathyများရနေလား အလုပ်ထဲအားထည့်ပြီးအတွေးကမ္ဘာထဲကခဏထွက်အုံးမယ် တွေးတိုင်းကောင်းတာမဟုတ်ဘူး ။ကလေးလဲကျောင်းမှာ အေးဆေးစာသင်နေမှာပေါ့ အာ မဟုတ်တာပူလာပြန်ပြီ မတည့်တာတွေစားမှာစိုးတယ် အချဉ်ပေါင်းဆိုအစပ်အနည်းငယ်ပါလိုက်ရမှကြိုက်တဲ့ကိုယ်တော်လေး ။ဗိုက်မကောင်းဖြစ်ပြီးအစာအိမ်ထိမှာစိုးတယ် လက်ဖက်ထမင်းတွေစားပြီးအစာမကြေရင်ပြည့်မှာစိုးတယ် ။

"ထမင်းစားနားရအောင်လေ ငါ့ညီ မင်းကြည့်ရတာကွာ ရည်းစားပူမိနေသလိုပဲ ငါခုနကကြည့်တုန်း ဦးထွန်းတို့သံချည်သံကွေးအဖွဲ့ဘက်လှည့်ပြီးပြုံးလိုက် နောက်တစ်ခါထပ်ကြည့်မိတော့ မျက်နှာသေနဲ့တမာပင်ကြီးကိုစိုက်ကြည့်လိုက်နဲ့''

"ဟာ ကိုဇော်ရာ မဟုတ်ရပါဘူး ..အင် ဒီလိုလေ ကျွန်တော့်ပါပီလေးကိုသတိရနေတာ ခုမှခွေးပေါက်လေးရှိသေးတယ် ။ချစ်စရာသိပ်ကောင်းတာ ခွေးအမေကြီးနဲ့နို့ခွဲထားရတော့ အပြင်ကဝယ်တိုက်တဲ့နို့မှုန့်နဲ့အဆင်ပြေပါ့မလား ပူနေတာ အဲ့ဒါပါဗျာ။"
မတတ်နိုင်ဘူး လူဝမ်ဝမ်းကနေပါပီလေးအဖြစ်ပြောင်းပြောလိုက်ရတာ။သိရင်တော့ ဒီလူကြီးနာပြီမှတ် ရှိလိမ့်မယ် ။

~ADORE YOU~Donde viven las historias. Descúbrelo ahora