Part_28

1.1K 50 9
                                    

အိမ်‌ပြန်ရောက်တော့ မေမေမှ အလုံးစုံကို ရှင်းပြသည် ။စစ်ဆေးမေးမြန်းခြင်းလုပ်၍ ခံစားချက်အစစ်မှန် စိတ်ထဲရှိရာ ဖွင့်ဟ၀န်ခံခဲ့သည် ။ အမြဲ ကျွန်တော်နဲ့တစ်သားတည်းဖြစ်သည့်မေမေမှာ နားလည်နှစ်သိမ့်ပေးပြီး အိပ်ယာဝင်စေခဲ့သည် ။

အရင်ဝမ်ဝမ်းစိတ်နဲ့ဆို ‌ခုချိန် ‌ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေမှာမှန်သော်လည်း ယခုမှာမူ ဆရာ့စိတ်နဲ့တင် ဖေဖေ့ အား ရင်ဆိုင်ဖို့ရဲဝံ့နေသည် ။ထိုစိတ်‌ကြောင့် ဒီညပူပင်ကင်းစွာ အိပ်ပျော်နေလေတော့သည် ။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန် ညသံခေါင်မှာ  အခန်းတံခါးကိုဆောင့်ကန်‌လိုက်တဲ့  အသံ‌ကြောင့် လူကတုန်တတ်သွားသည်  ။ကုတင်အောက်အိပ်နေတဲ့ ခိုခိုလည်းလန့်နိုး ။

"ထွက်ခဲ့စမ်း  ။"

ဲ့ရည်းစား ထားတာ ကို အပြစ်သားလိုဆက်ဆံနေသော‌ ဖေဖေ‌ကြောင့် ငြိမ်ကုပ်စွာ နေနေရသည် ။

"မင်း ညနေက ဘယ်သွားလဲ ။"

"Sweet and Starသွားတယ် ဖေဖေ ။"

"ဘယ်သူနဲ့တွေ့လဲ ။"

"ဆရာရယ် ထက်ထက် မတုန်တုန် ။"

"မင်း ဘာအ ပြစ်လုပ်ထားလဲ သိလား ။"

"ကျွန်တော် ရည်းစားထားတာ အပြစ်လား ဖေဖေ ။"

"မင်းရည်းစားထားလို့ ငါ‌ပြောနေတာမဟုတ်ဘူးကွ ဟေ့ကောင် ။မင်းရည်းစားက ဘာလို့ ယောကျာ်းလေး ဖြစ်နေတာလဲ ....ဟမ် ။မင်းကအ‌ခြောက်လား ‼ ယောကျာ်းခြင်းကြိုက်ရအောင် ‼ ဘယ်သူအရင်‌ခြောက်နေတာလဲ မင်းလား ဟို‌ကောင်လား ။ဘယ်သူကစ မြူစွယ်တာလဲ‼ "

"ဖေဖေ့......‼‼‼ ။

ကိုယ့်ကိုဘယ်လိုနှိမ်‌ပြော‌ပြော ခံနိုင်ပေမဲ့ ဆရာ့ကိုစော်ကားတာတော့ ကျွန်တော်မခံနိုင်ပါ ။ကျွန်တော့်တွက်နဲ့ စော်ကားခံဖို့မထိုက်တဲ့သူမို့ အသံပြင်းပြင်းဖြင့်တုန့်ပြန်မိသည် ။

သားဖနှစ်ယောက် အော်ဟစ်မှု‌ကြောင့် မျက်ရည်စက်လက်နဲ့ အိပ်ယာထဲက ထလာတဲ့ မေမေ။

"စစ်တပ်ထုံးစံရ ရှင့်လက်အောက်ငယ်သားတွေပဲဆဲဆိုဆုံးမရင်ဆုံးမ ။ကျွန်မသားတော့ အဲ့စကားလုံးကြမ်း‌‌တွေ လာမနှိုင်းနဲ့ရှင် ။"

~ADORE YOU~Where stories live. Discover now