-3-

1.7K 241 8
                                    

ဒီနေ့က တနင်္ဂနွေနေ့ ၊ တစ်နည်းပြောရရင် အလုပ်နားရက်ပေါ့ ။ အခု XuKun နာမည်ကြီး ဘာဂါဆိုင်တစ်ခုကို ရောက်နေတယ် ။ အရင်ညတွေက ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ MingHao ကို အကုန်ပြောပြဖို့အတွက်ပေါ့ ။ သူ့စကားကို အကုန်ကြားပြီးတဲ့အချိန်မှာ ကိုကာကိုလာခွက်ကို ကိုင်ထားတဲ့ MingHao ကတောင် သီးသွားသလိုပဲ ။

" အဲ့တာနဲ့ပဲ မင်းက သူ့အိမ်မှာ ၂ရက်တောင် အိပ်ခဲ့တယ်ပေါ့ "

" ငါမှ လမ်းမလျှောက်နိုင်တာ.. "

" ချီးဆင်ခြေတွေ..မင်း ငါ့ကို ဖုန်းဆက်ရင် ငါက လာမခေါ်မှာ ကျနေတာပဲ "

" ငါ့ဖုန်းကို ရှာမတွေ့လို့ပေါ့ဟ "

လက်ထဲမှာ ကိုင်ထားတဲ့ ဘာဂါကို ကိုက်ပြီးတော့ ပလုပ်ပလောင်းဝါးရင်းနဲ့ MingHao ကို စကားဆက်ပြောတယ် ။

" ရှာတွေ့ရင် ငါမင်းကို မဆက်ဘဲနေပါ့မလား "

အမှန်တကယ်လည်း XuKun သူ့ဖုန်းကို ရှာမတွေ့ခဲ့ဘူး ။ သူ့ ခြေထောက်လည်း သက်သာပြီး အိမ်ပြန်ခါနီးမှ မန်နေဂျာက ' ရော့ဒီမှာ ' ဆိုပြီး သူ့ဖုန်းကို ထုတ်ပေးခဲ့တာ ။ မန်နေဂျာက သူ့ဖုန်းကို ဖွက်ထားခဲ့တာလား ဆိုပြီး XuKun တွေးမိပေမယ့်လည်း ဒါက မဖြစ်နိုင်ပါဘူးလေ ဆိုပြီး သူ့သံသယတွေကို ဖျောက်လိုက်ရတယ် ။ မန်နေဂျာလိုမျိုးဂုဏ်သရေရှိ လူကြီးတစ်ယောက်က သူ့ဖုန်းကို ဖွက်စရာဘာအကြောင်းရှိမှာမလို့လဲ ။

" ဒါနဲ့ မင်းက တကယ်ကြီး သူနဲ့ အိပ်ဖြစ်သွားတာလား "

" တစ်ညထဲပဲ.. အဲ့ဒီမူးနေတဲ့ တစ်ညထဲ.. ကျန်တဲ့ညတွေက ဘာမှ မဖြစ်ဘူး "

မန်နေဂျာ မနေ့ညက သူ့ကို အတင်းဖက်နမ်းတယ်ဆိုတာတွေကအစ MingHao ကို ပြောစရာမလိုဘူးမလား ?

မလိုပါဘူး လို့ပဲ XuKun တွေးလိုက်ရင်း MingHao မှာထားတဲ့ Chicken Nugget တစ်တုံးကို နှိုက်ပြီး အချဉ်နဲ့ တို့စားလိုက်တယ် ။ နှစ်ယောက်စာ မှာထားတဲ့ အာလူးချောင်းကြော်ကလည်း XuKun စားနေတာနဲ့တင် တစ်ဝက်ကျိုးနေပြီ ။ အခုသူကိုင်ထားတဲ့ ဘာဂါကလည်း နှစ်လုံးမြောက် စားနေတာ ။ ဘာဖြစ်လို့ ဒီနေ့မှ ဒီလောက်အထိ ဗိုက်ဆာနေလဲဆိုတာကို XuKun မတွေးတတ်တော့ဘူး ။ မနေ့ကလည်း မန်နေဂျာ့အိမ်မှာ ကောင်းကောင်းမွန်မွန် စားခဲ့ရတာပဲကို ။

Our StoryWhere stories live. Discover now