-11-

1.4K 204 29
                                    

မနေ့က Wang ZiYi ရဲ့ ရင်ဖိုအောင်လုပ်မှုကြောင့် XuKun လုံးဝအိပ်လို့မပျော်နိုင်ခဲ့ပါ ။ ဟိုလှည့်ဒီလှည့် ၊ ဘယ်ကြည့်ညာကြည့်လိုက်ဖြင့် တစ်ညလုံး ပေါက်ကရတွေထိုင်တွေးနေခဲ့ပြီး မနက်ဝေလီဝေလင်း အချိန်မှသာ မှေးခနဲအိပ်ပျော်သွားခဲ့သည် ။ ဒါကြောင့်မလို့ မနက်ပိုင်း ZiYi က နှိုးသည့်အချိန်တွင် အိပ်ရေးမဝဘဲ ကြောင်တောင်တောင်လေး ဖြစ်နေခဲ့သည်သာ ။

ဘယ်လိုလုပ် သူ့ရဲ့မျက်နှာက Wang ZiYi ရင်ခွင်နဲ့အပ်နေရသလဲဆိုတာကိုတော့ XuKun မသိ ။ မှတ်မိသလောက်တော့ ZiYi ကို ကျောပေးပြီးအိပ်ခဲ့သည်မှာ အသေအချာပင် ။ ဒါပေမယ့် သူမျက်လုံးတွေကို ဖွင့်လိုက်ပြီး အသိတွေပုံမှန်အတိုင်းပြန်ဖြစ်လာချိန်မှာ သူသိလိုက်ရတာက သူခေါင်းအုံးအိပ်ထားတာကြီးက ZiYi ရဲ့လက်မောင်းကြီးဖြစ်နေပြီး အဲ့တာကို ZiYi က ပြုံးပြုံးကြီး ကြည့်နေတယ်ဆိုတာပါပဲ ။

မနက်စာကိုလည်း ZiYi ကအခန်းထဲကိုပဲ ယူလာပေးတာမလို့ မနေ့ညကလိုပဲ စားဖြစ်သည် ။ အခုထက်ထိ ဒီအခန်းထဲကနေ အခန်းပြင်ကို သူမထွက်ရသေး ။ ZiYi ရဲ့အိပ်ခန်းကတောင် တော်တော်ကျယ်နေတာ ၊ တစ်အိမ်လုံးဆိုရင် ဘယ်လောက်တောင် ကျယ်လိုက်မလဲလို့ XuKun တွေးနေမိတယ် ။ မနက်စာစားပြီးတာနဲ့ မနေ့က ဝတ်ထားတဲ့ဝတ်စုံကို ZiYi က သေသေသပ်သပ်ပြန်ဝတ်ပေးရင်း ဆံပင်ကိုပါ ပြန်ပြင်ပေးတယ် ။ မျက်မှန်လေးကတော့ မပါမဖြစ်ပေါ့ ။

" အဲ့တာကြီးတပ်ရင် ကျွန်တော်က ကလေးဆန်တဲ့ရုပ်မပေါက်သွားဘူးလား.. "

" မင်းက ကိုယ့်အတွက် ကလေးလေးပဲကို.. "

အဲ့လိုကြီး ပြန်ပြောလာတော့လည်း သူဘာမှပြောမနေတော့ ။

အခန်းထဲကနေ ခြေတစ်လှမ်းစထွက်ပြီးတဲ့အချိန်ထဲက XuKun ပါးစပ်ကိုတောင် ပြန်မစေ့နိုင်လောက်အောင် ပါးစပ်အဟောင်းသားဖြစ်နေရတော့တာပဲ ။ အိမ်ရဲ့လျှောက်လှမ်းက တော်တော်လေးကို ကျယ်ကျယ်ဝန်းဝန်းနဲ့ ဘေးကနံရံတွေမှာလည်း လှပပြီး နာမည်ကြီးပုံပေါက်တဲ့ ပန်းချီကားတွေကို ချိတ်ဆွဲထားသေးသည် ။ ZiYi ရဲ့ခုတင်ထိပ်က ရွှေရောင်ကနုတ်ဆန်းတွေကိုလည်း နံရံထိပ်မှာ တွေ့နိုင်သေးသည် ။ တိုတိုနဲ့လိုရင်း ပြောရလျှင် တော်တော်လေးကို တော်ဝင်ဆန်သည့် အိမ်ပုံစံမျိုးပင် ။ အင်္ဂလိပ်ခေတ်လက်ကျန် နန်းတော်ဟောင်းတစ်ခုကို ပြန်ပြီး မွမ်းမံထားတာ လို့ပြောရင်တောင် XuKun ယုံမိလောက်ပေသည် ။

Our StoryWhere stories live. Discover now