စာစဉ် ၆ ( ၁ )
41.4K 1.5K 25
Book. : 6
Chapter. : 1
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆ ၊ အခန်း ၁း ချစ်လေးရဲ့ကောက်ကြောင်းတွေက ဆက်စီကျ
နောက်တစ်စက္က္ကန့် ။
သိပ်မဝေးသည့်နေရာဆီကနေ " ဘန်း " ခနဲ။ အသံထွက်လာရကား။
ရီဝမ်ဝမ် ၊ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်ကား ။ လျိုယင်နံဘေးနားက နံရံပေါ်တွင် ကြေမွပျက်စီးလို့နေတာတွေ....
သူသည်ကား လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ရီဝမ်ဝမ်ရှိရာဘက်ကို ကြည့်လို့နေပါ၏။ ဒီနောက်၊ ချင်းရူရှီ ပြောလာတာကိုပင် မကြည့်တော့ဘဲ သူ့ဖိနပ်ကို ကောက်စီးကာ ထွက်သွားတော့ခြင်း။
အယ်...သူကပဲ ဒေါသတွေတနင့်တပိုးကြီးနဲ့ ထွက်သွားရသေးတယ်...
ရီဝမ်ဝမ် : "..."
တကယ်တော့ ငါက ဖရဲသီးစေ့လေး စားချင်ခဲ့ရုံလေးပါ။
ဖရဲသီးစေ့လေး စားချင်ခဲ့မိရုံလေးတင်ပါဟ။
ပြောရမည်ဆိုလျှင်။ ချင်းရူရှီသည် မိသားစုထဲကရာထူးမြင့်မြင့်ကို ရောက်နေနိုင်ခဲ့သည်မှာ အံ့သြစရာမရှိလှပါပေ။
သူမလေးနှင့် စီရီဟန် ရင်းရင်းနှီးနှီး ပူးပူးကပ်ကပ်နေနေတာကို မြင်ပြီးတဲ့နောက်မှာတောင်မှ သူမသည်ကား တည်တည်ငြိမ်ငြိမ်ပင်။ လျိုယင်ကိုပင် ပြန်လည်ဖျောင်းဖျဖြေသိမ့်ပေးနေခဲ့သည်ပင်။
အဆင်းရော အချင်းပါလှသည့် ၊ လက်ရုံးရော နှလုံးပါပြည့်စုံသည့် လွယ်လင့်တကူ အမျက်မထွက်တတ်သည့် ဤမိန်းမမျိုးသည် လုံးဝအတိ ပြီးပြည့်စုံလို့နေလေပေပြီ။
သူမလေးကိုယ်တိုင်သည်ကပင် စီရီဟန်အား ကန်းများနေသလားဟု တွေးခဲ့ဖူးလေရာ။ သူရဲ့ နောက်လိုက်တွေနဲ့ လူယုံတော်တွေဆိုလျှင် ပြောနေစရာမလိုချေတော။့
ဒီအခိုက်။ ရီဝမ်ဝမ်။
သူမလေးနှုတ်ခမ်းပေါ်တွင် စူးခနဲ ဖြစ်သွားရလေရာ။ အတွေးလမ်းကြောင်းတို့ ပြောင်းလဲသွားရတော့ချေပြီ။ "အား...."