စာစဉ် ၁၄ ( ၁ + ၂ )
10K 1.1K 9
Book.              :   14
Chapter.          :  1 + 2
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၄၊ အခန်း ၁။ မိသားစု ပြန်လည်ပေါင်းစည်းခြင်း
ပြီးသည့်နောက်၊ ရီဝမ်ဝမ်နှင့် သူမ၏အဖေ ထိုင်ခုံနေရာဆီသို့ ပြန်သွားကြသည်။
သူတို့၏စားပွဲဝိုင်းသည်ကား ထောင့်တွင် ရှိနေခြင်းဖြစ်ပြီး
သူတို့မိသားစုမှ လွဲ၍ မည်သူမှရှိမနေ။
လူတိုင်း သူတို့၏နေရာအသီးသီးကို ပြန်သွားကြပြီးသည့်နောက်၊ မိသားစုတစ်ခုလုံး တိတ်ဆိတ်သွားကြတော့၏။
ရီဝမ်ဝမ်သည်ကား၊ သူမမိဘများ၏မျက်နှာချင်းဆိုင်၊
ရီမူဖန်၏နံဘေး၊ ထိုင်ခုံနေရာလွတ်တွင် ထိုင်နေခြင်းဖြစ်သည်။ ယခုလေးတင် ၊ မုန်းစရာကောင်းလှသော ဦးလေးမိသားစုအပေါ် ရီဝမ်ဝမ်၏တိုက်ခိုက်သွားမှု နှင့် အဘိုးဖြစ်သူနှင့် ဧည့်သည်တော်တို့ အရှေ့တွင် သူမ၏ ပေါ့ပေါ့ပါးပါးဟန် ပြုမူလှုပ်ရှားသွားမှုတို့သည် ဓားကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်သည့် သားသတ်သမားအလားနှယ် စကေးပြည့်ပြည့်၀၀နှင့် လွယ်လွယ်ကူကူ လုပ်ပြသွားခြင်းဖြစ်ရာ။ ဒီအခိုက်၊ လူတိုင်း အံ့အားမသင့်မိဘဲ မနေနိုင်ကြတော့လျက် လုံးဝအတိပင် စကားပြောမထွက်နိုင် ဖြစ်သွားတော့သည်တည့်။
ရီမူဖန်သည်ကား သူ၏ခေါင်းကို မြှုပ်ထားပြီး တစ်ချိန်လုံးလုံး အရက်တို့သာ သောက်လို့နေလျက်။
ရီရှောင်ထင်းသည်မူ အလွန်ပင် စိတ်ရှုပ်ထွေး တွေဝေလို့နေလျက် ။ လုံးဝအတိ တိတ်ဆိတ်လို့နေကြသည်။
လျန်ဝမ်ကျွင်းသည်ကတော့ ထိုင်နေခြင်းပင်မရှိ၊
သူမ၏သမီးဖြစ်သူအား ဆက်ကာကြည့်လို့နေရင်း -- သူမထံတွင်
သူမ မေးလိုသည့်၊ သိလိုသည့် မေးခွန်းတို့ များစွာ ရှိနေ၏။
သို့သော်၊ သူမသမီးဖြစ်သူ၏ သူမတို့အပေါ် အထင်လွဲမှားနေမှုနှင့် သဘောထားတို့ကို ပြန်အမှတ်ရမိလေရာ၊ သူမသမီးနှင့် ဘယ်လို ပြောဆိုဆက်ဆံရမလဲဆိုသည်ကို မသိတော့ဘဲ တုံ့ဆိုင်းလို့နေ၏။
လေထုသည်ကား အလွန်တရာ ဆိတ်ငြိမ်လို့နေချေသည်။
ရီဝမ်ဝမ်၊ လက်သီးကို တင်းနေအောင် ဆုပ်လိုက်ပြီး စကားပြောတော့မည်ရှိသေး။
စကားလုံးတို့သည် လျှာဖျားကို ရောက်လာသည်နှင့်
ပြန်မြိုကျသွားသည် ။