baby ဆိုးလေး

585 74 0
                                    

အခုရက်ပိုင်းအတွင်း ဟိုဆော့တကယ်အလုပ်များသည်။ကော်ဖီဆိုင်အချိန်ပိုင်းအလုပ်တောင်ထွက်ခဲ့ရသည်။ ကျောင်းပြီးသာ
နဲ့ ကားမောင်းသင်တန်းတက် ရတယ်။ ကားမောင်းသင်တန်း
မရှိရင် daddyရဲ့ အလုပ်တွေ ဝိုင်းလုပ်ပေးရတာနဲ့ ဟိုဆော့မအားပင်။

အိမ်က babyဆိုးလေးကို လွမ်းသလားမမေးနဲ့ အချိန်တိုင်း
ကိုသတိရတာ ဒါပေမဲ့လည်း ညကျမှ ကျွန်တော်ပြန်လာလို့ 
မျက်နှာလေးတောင်မမြင်ရပေ။

ဟိုဆော့ အတန်းချိန်ပြီးသာနဲ့ လွယ်အိတ်ထဲ စာအုပ်တွေသိမ်း
ရင်း  ဖတ်လက်စ စာအုပ်ကို လမ်းလျှောက်ဖတ်ရင်း စာကြည့်
တိုက်သို့ ဟိုဆော့ ထွက်လာသည်။ နောက်ဆုံးနှစ် စာမေးပွဲ
အတွက် လိုအပ်တဲ့ စာအုပ်များကိုဖတ်ဖို့ ပင်ဖြစ်သည်။

ဟိုဆော့ လာတဲ့အချိန်ညနေပိုင်းဖြစ်သောကြောင့် လူရှင်း
သည်။ စာကြမ်းပိုး အများစုသာ စာကြည့်တိုက်တွင်ရှိသည်။
ဟိုဆော့ စာအုပ်ရွေးရင်း ထောင့်စွန်း စာအုပ်စင်တွင် မြင်ရ
သောမြင်ကွင်းကြောင့် ဟိုဆော့ ရီမိသွားသည်။

အကြောင်းမှာ သူ့ baby ဆိုးလေးပင် စာအုပ်စင်ကိုမှီကာ
အိပ်ပျော်နေသောကြောင့်ဖြစ်သည်။ လက်ထဲတွင်ရှိသော
စာအုပ်က ကာတွန်းစာအုပ်ပင်။ ဟိုဆော့ တဖြည်းဖြည်း အ
နားတိုးကာ မျက်နှာချင်းဆိုင်ထိုင်ပြီး သေချာကြည့်တော့မှ
ငယ်ငယ်လေးကတည်းက မပျောက်ပျက်သေးတဲ့ ပါးဖောင်း
ဖောင်းလေးတွေ မျက်တောင် စိတ်စိတ်လေးတွေ နောက်ဆုံး
ဟိုဆော့ ကြည့်မိတဲ့ နူတ်ခမ်းဖူးဖူးလေးတွေ ဟိုဆော့ အိပ်
မောကျနေတဲ့ ယွန်းဂီရဲ့ မျက်နှာကိုကြည့်ပြီး တဖြည်းဖြည်း
နီးကပ်လာသည်။ နူတ်ခမ်းနှစ်ခု ထပ်တူညီ အောင် တစ်ခဏ
ထိကပ်ပြီး ခွာလိုက်သည်။

ကိုယ်ငယ်လေး လူပ်လာကာ ဟိုဆော့ လန့် သွားသည်။
သို့ သော် မျက်လုံးမဖွင့်ပဲ ပြန်စာအုပ်စင်ဘက်မျက်နှာကပ်
ကာပြန်အိပ်သွားတဲ့ ယွန်းဂီကိုကြည့်ပြီး ဟိုဆော့ ပြုံးမိကာ
ဘေးနားဝင်ထိုင်ရင်း ယွန်းဂီခေါင်းလေးကိုမကာ သူ့ ပုခုံး
ပေါ်အသာတင်ပြီး အိပ်စေသည်။ ဟိုဆော့ လည်း စာထိုင်
ဖတ်လိုက်သည်။

baby ဆိုးလေးWhere stories live. Discover now