babyဆိုးလေး

486 49 1
                                    

မနက်ခင်း နေရောင်ခြည်က ကလေးငယ်မျက်နှာပေါ်ကျမှာ
စိုးတာကြောင့် သူလက်ဖြင့်ကာပြီး အုပ်မိုးထားမိသည်။
ပကတိ ရှင်းသန့် နေသော ကလေးငယ်မျက်နှာလေးကို
အနမ်းတစ်ချက်ချွေရင်း  သူထွက်လာခဲ့သည်။

အဒေါ်ကြီးကို ဆေးတိုက်မဲ့ အချိန် သေချာမှာခဲ့ပြီး အလုပ်ထဲ
သူထွက်လာခဲ့သည်။ ရုံးခန်းရောက်တာနဲ့  ပုံနေသောအလုပ်
တွေကြားထဲ ခေါင်းထိုးကာ

''သူဌေး အပြင်မှာ သူဌေးဆုန်း   ရောက်နေပါတယ်'''

အတွင်းရေးမှူးစကားကြောင့် ချက်ချင်းပင်ထကာ

''အထဲခေါ်လိုက်လေ အတွင်းရေးမှူး'''

သူ့ ကုမ္ပဏီတွင် သူဌေးဆုန်းက အများဆုံးရှယ်ယာရှင်ပင်ဖြစ်
သည်။
ရုံးခန်းထဲ ဝင်လာတဲ့ သူဌေးချွဲ နောက်တွင်လည်း မိန်းကလေး
တစ်ဦးပါကာ

'''သူဌေးဆုန်းဒီကို လာရင်းကိစ္စ က ''

ဟိုဆော့လည်း မေးမိတော့

''အလုပ်ထက် သူဌေးဂျောင်ကို သမီးလေးနဲ့ မိတ်ဆက်ပေးဖို့ 
နောက်ဆို သမီးက ceoဖြစ်မဲ့ သူဆိုတော့အခုကတည်းက
သူဌေးဂျောင်နဲ့ ရင်းနှီးဖို့ လိုတယ်မလား'''

ဟိုဆော့ကြည့်တော့ ခပ်ချောချောကောင်မလေးပင်မြင်ဖူးသလို
လိုတော့ရှိသားပင်။

''ကျွန်မ နာမည်က ဆုန်းမီယောင်းပါ ကျွန်မတို့ ပြန်ဆုံကြပြန်ပြီ
နော်'''

သူမ စကားကြောင့် ဟိုဆော့လည်း

''ဘယ်မှာ မိန်းကလေးနဲ့ တွေ့ ဖူးပါလိမ့် စိတ်တော့မရှိပါနဲ့ 
ကျွန်တော်မမှတ်မိလို့ ပါ'''

သူ့ စကားကို သူဌေးချွဲကပင်

'''ဟားးးး  ဟားးးး  ဟားးးး သူဌေးဂျောင်တို့ များ အလုပ်တွေ
ကြိုးစားချက်ကွာ တကယ်တော်တယ်'''

သူမကပါဝင်ပြီး

''မနေ့ က ရှင့်ညီလေး ကြောင့် ကျွန်မအကျီ င်္တောင်ရေခဲမုန့် 
ပေသွားသေးတယ်လေ''''

ဟိုဆော့လည်း ချက်ချင်းသိသွားပြီး

'''sorry ဗျာ ကျွန်တော်မေ့သွားလို့ '''

baby ဆိုးလေးWhere stories live. Discover now