စာစဉ် ၆ ( ၂ )
16K 1.3K 15
Book. : 6
Chapter. : 2
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆ ၊ အခန်း၂ :အာဏာရှင်ဘုရင်ကြီးရဲ့ ပြုမူတဲ့ပုံစံ
သို့သော်ငြားလည်း။ အရင်တုန်းကအတိုင်းပင် ။ စီရီဟန်သည်ကား
သူမလေးကိုဆိုလျှင် ဘာကိုမှ ဖုန်းကွယ်ထားခဲ့ခြင်း မရှိဖူးခဲ့သလိုပင်။
ဤမျှလောက်အရေးကြီးသည့် ထိပ်တန်းအရာမျိုးတွေကိုမဆိုထားဘိ။
သူ့ရဲ့အိပ်ခန်း၊ သူ့အတွက် အရေးပါအရာအရောက်ဆုံးသော စာကြည့်ခန်း၊ သူ့ရဲ့အနက်ရောင်အမှောင်ခန်း၊ အားလုံးအားလုံးကိုပင် သူမလေးကိုဆိုလိုလိုလားလားနှင့်ကိုဖွင့်လှစ်ပြထားပေးခဲ့သည်ချည်း ဖြစ်ရကား။
သို့သော် သူမနားမလည်နိုင်သည်က.....ဘာကြောင့်လဲ။
ဘယ်သူကများသူတို့ရဲ့အိမ်မွေးကြောင်လေးတွေ၊ ခွေးလေးတွေ၊ ဒါမှမဟုတ် ငှက်လေးတွေကိုပိုးမွေးသလိုမျိုးဂရုတစိုက်ကြီးနဲ့ အသေးစိတ်လိုက်ကာကွယ်စောင့်ရှောက်ပေးနေကြလို့လဲ?
သေချာပေါက်ကိုဘယ်သူကမှ အဲ့လိုမျိုးမလုပ်ကြဘူးလေ ဟုတ်တယ်မှတ်လား ။
ချင်းရူရှီ။ ရီဝမ်ဝမ်အား တစ်ချက်ကလေးလှည့်ကြည့်လာပါ၏။
သို့သော် ၊ တခနလောက် တိတ်ဆိတ်သွားပြီးနောက်။ အဆုံးတွင် ဘာမှတော့ ပြောမလာခဲ့။
အဲဒီနောက်။ စီရီဟန်အားအချက်အလက်တို့ကိုအသေးစိတ်က
အစခရေစေ့တွင်းကျ စတင်ပြောပြသတင်းပို့ပါတော့၏။
တိတ်ဆိတ်ငြိမ်သက်နေသည့် စာကြည့်ခန်းထဲတွင်။
ချင်းရူရှီရဲ့အသံသည်သာလျှင် တစာစာထွက်ပေါ်နေလေလျက်။
စီရီဟန်သည်ကားရံဖန်ရံခါတွင်မှသာစကားအခွန်းအနည်းငယ် အနည်းငယ်မျှသာ။
သူတို့နှစ်ဦးသားအားမေ့ဖျောက်ထားလိုက်တော့ရင်း။ ရီဝမ်ဝမ်။