Part 24

9.6K 1K 126
                                    

စက္ကန့်များကို မိနစ်တို့က စားရင်း၊ မိနစ်များကို နာရီတို့က စားရင်း အချိန်တို့ ကုန်ဆုံးလာသည်။ သူ့အတွက်က ထိုကုန်ဆုံးသွားသော အချိန်များအပေါ်၌ မိမိခံစားချက်တို့အား ပုံမှန်အတိုင်း ထိန်းချုပ်ထားမိသည်မှာလည်း အမှန်ပင်။

"စီအီးအို။ ဧည့်သည်တစ်ယောက် ရောက်နေပါတယ်။ အထဲကို လွှတ်လိုက်ရမလား"

မန်နေဂျာကိုယ်တိုင် ရိုရိုကျိုးကျိုး လာပြောနေပုံထောက်လျှင် သာမန်တော့ မဟုတ်နိုင်ဘူးဟု တွေးမိသည်။

"ဘယ်သူလဲ။ အရေးမကြီးရင် မတွေ့ချင်ဘူး။ Mr Lee နဲ့ တွေ့လို့ရရင် တွေ့ပေးလိုက်"

တွေးလိုက်မိသည်နှင့် ပြောလိုက်မိသည်က တခြားစီဖြစ်သွားပေမဲ့ မန်နေဂျာဆိုသူကလည်း သူ့ကိုပြောမှ ဖြစ်မည့်အနေအထားမှာ ရှိနေခဲ့သည်ထင်၏။ သူ မျက်မှောင်ကုတ်ပြမိတော့။

"Mr Lee က စာရင်းဌာနဘက်ကို ရောက်နေလို့ပါ စီအီးအို။ ဟိုလေ စီအီးအို ခင်ဗျ။ ဟိုဟာ... အခုလာတဲ့လူက အရင်တုန်းက ဒီက သား..။ ဥက္ကဋ္ဌကြီးရဲ့ အဲ.. ဘယ်လိုပြောရမလဲ"

ဒီလောက်ဆို သူသိလိုက်ပြီပဲဖြစ်သည်။ သူနှင့် တွေ့မှ ဖြစ်မည့်သူဆိုတာ တခြားလူတော့မဟုတ်။ သွေးမနီးပေမဲ့ သူစိမ်းလို့ ဆိုရန်ခက်သော သူ မျက်မုန်းကျိုးမိပါသော လူတစ်ယောက်။

"Michael လား"

သူ့အမေးကို မန်နေဂျာက ဟုတ်မှန်ကြောင်း ခေါင်းကို တဆတ်ဆတ် ညိတ်ပြသည်။

"အထဲလွှတ်လိုက်"

မန်နေဂျာထွက်သွားသည်နှင့်တစ်ပြိုင်နက် လူတစ်ယောက် သူ့ရုံးခန်းထဲသို့ ဝင်လာလေသည်။ ရုံးခန်းတံခါးမခေါက်၊ သူ့အရှေ့မှာရှိသည့် ဆိုဖာပေါ်သို့ ခြေချိတ်ထိုင်လာသည့် Michael ဆိုသော လူထံ၌ လူသားဆန်လှသော ကျင့်ဝတ်များက တစ်စက်ကလေးမှ ရှိမနေပေ။

အမြင်မကြည်သောစိတ်က မုန်းပြီဆိုလျှင် လှည့်တောင်မကြည့်ချင်မိသည်ကြောင့် အကြည့်တို့ကို အစီရင်ခံစာများအပေါ် ပို့ထားမိရင်း ထိုလူအား သူအသိအမှတ်ပင် မပြုမိပေ။

"မတွေ့တာကြာပီနော် Jeon Jungkook ၊ တော်တော်လေးကို ကြာခဲ့ပြီပဲ။ မှတ်မှတ်ရရ မင်းအထက်တန်းကျောင်း တက်ကတည်းက မတွေ့တော့တာ။ ဪ...၊ မဟုတ်သေးဘူး။ ဟိုတစ်နေ့က တရားရုံးမှာတောင် တွေ့လိုက်သေးတာကို သိပ်အရေးမပါတော့ ငါတောင် မေ့တေ့တေ့ဖြစ်နေပြီ"

Middle【Completed】Dove le storie prendono vita. Scoprilo ora