စာစဉ် ၆ ( ၃ + ၄ + ၅ + ၆ )
16.3K 1.3K 76
စာစဉ် ၆၊ အခန်း၃ :သခင်လေးအလုပ်ရှုပ်နေတယ်?
အောက်ထပ်တွင် :
ခြံဝင်းဘက်ကိုမျက်နှာမူထားကာတံခါးကိုကျောပေးလက်ပိုက်ထား
ပါသည့် လျိုယင်။ သူသည်ကားဒေါသထွက်လို့နေဆဲပင်။ သို့သော်။ သူ့အနောက်ဘက်ဆီကနေရင်းနှီးသည့် ခြေလှမ်းသံတို့ကို ကြားလိုက် ရသည်မို့ လှည့်ကြည့်လိုက်လေရာ။ အံ့အားသင့်သွားချေတော့ပြီ။ "သခင်မလေးရူရှီ? သခင်မလေး သခင်လေးနဲ့ စကားပြောနေတာ မဟုတ်ဘူးလား? ပြီးသွားပြီလားခင်ဗျ?"
ချင်းရူရှီရဲ့အမူအရာသည်ကားအဖြေရှာရခက်စွာ။ သူမရဲ့ခေါင်းကို ယမ်းပြလိုက်ရင်း။ "မပြီးသေးဘူး။ ရီဟန်က အလုပ်ရှုပ်နေလို့ ကျွန်မကိုအရင်ပြန်လွှတ်လိုက်တယ်"
"သခင်လေးအလုပ်ရှုပ်နေတယ်? တစ်ခုခုများ ဖြစ်ခဲ့လို့လား?"
လျိုယင် ။ စိတ်ပူစိုးရိမ်စွာဖြင့် မေးလိုက်ခြင်းပါတည်း။
ရှန်းမြို့ကကိစ္စထက်တောင်မှ ပိုအရေးကြီးတယ်ဆိုရင်
ဒါ သေချာပေါက်ကိုကိစ္စအကြီးကြီးပဲ ဖြစ်ရမယ်။
ချင်းရူရှီအလျင်အမြန်ပင် ပြန်ဖြေလိုက်ရပါတော့၏။
"မဟုတ်ဘူး။ စိတ်မပူနဲ့"
"ဒါဖြင့်။ သခင်လေးကဘာနဲ့ အလုပ်ရှုပ်နေတာလဲခင်ဗျ? ကျွန်တော်တို့တွေ ရှန်းမြို့ကတစ်ပိုင်းတစ်စကြီးကို လတ်စသတ်ကြရ ဦးမယ်လေ။ အားလုံးကိုရှုပ်ယှတ်ခတ်နေတာ။ ကျွန်တော်တို့အားလုံး သူ့ရဲ့အမိန့်ကိုစောင့်နေကြတဲ့...."
ချင်းရူရှီ ပြန်ဖြေဖို့ရာအတွက် တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေတာကို မြင်လိုက်တော့လေရာ ။ လျိုယင်။ ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ခန့်မှန်းမိသွားတော့ပြီ။ ဒေါသထွက်စွာဖြင့် ဟစ်အော်လာပါတော့၏။
"အဲဒီမိန်းမစုတ်ပဲမှတ်လား?! သခင်မလေးရူရှီ ! သခင်မလေး အခုတွေ့ပြီမလား ?သခင်လေးက သူမအတွက်နဲ့ ဒီလောက်ကြီး အရေးကြီိးနေတဲ့ကိစ္စကိုဘေးပို့ပစ်လိုက်တယ်ခင်ဗျ!
ဒီနေ့လည်းပဲ ။ ကားထဲမှာ ။ သခင်လေး ဗွီဒီယိုကောလ်နဲ့ အစည်းအဝေးလုပ်နေတုန်း အဲဒီမိန်းမ အရှက်မရှိ ရွှီရီနဲ့ ကျွန်တော့်ရဲ့ ရှေ့တောင်မရှောင်နိုင်ဘဲ သခင်လေးကို မြှူစွယ်နေခဲ့တာဆိုတာ။ အရေးအကြီးဆုံးကတော့ဗျာ။ သခင်လေးက သူမကို တစ်ချက်လေး တောင်မှ ဆူမပစ်ဘူးဗျ။ သူမအတွက်နဲ့ အစည်းအဝေးကိုတောင်မှ ရပ်ပစ်လိုက်သေးတယ်...."