စာစဉ် ၆ ( ၇ )
13.4K 1.1K 9
Book. : 6
Chapter. : 7
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၊ အခန်း ၇ : ငါ နင့်ကိုစောင့်နေတာ
ရီဝမ်ဝမ်။ အဆောင်ဆီသို့ အပြန်။
တောအုပ်လေးကို ဖြတ်ကျော်လာခိုက်။ ရုတ်တရက်။ ဘယ်နေရာကမှန်းမသိ ပေါ်ထွက်လာသည့်ပုံရိပ်တစ်ခုကြောင့်
သူမ သေလောက်အောင် ထိတ်လန့်သွားမိရတော့၏။
သူမပထမဦးဆုံးလုပ်လိုက်မိသည်ကတော့။ သူမမျက်နှာကိုစမ်းကြည့်လိုက်မိခြင်းပါတည်း။
ကံကောင်းထောက်မစွာဖြင့်။ ဒီတစ်ခေါက်တွင် သူမအရမ်းပင် သတိထား ခဲ့မိပါ၏။ အရမ်းကိုညဥ့်နက်နေပြီဖြစ်တာတောင်မှ လင်းဒုံနဲ့လို ဖြစ်ရပ်မျိုးထပ်မဖြစ်ရလေအောင် ။
သရဲကားထဲပင် ၀င်ဇာတ်ကားရိုက်လို့ ရတော့မည့်အလား။ မိတ်ကပ်တစ်ပိသာလောက်အထိကို ထူထူထဲထဲကြီးဖို့ထားခဲ့သည်မို့။ သူမလေးလုံခြုံသွားခဲ့လေပြီ။
ထိုလူသည် သူမအားသတိပြုမိသွားသည်နှင့်
ခါတိုင်းထက်ပင် ပိုတိုးလို့ တုန်လှုပ်သွားခဲ့ခြင်း
သက်သေပါတည်း။
အဲဒီလူ၏အသက်ရှူသံပြင်းပြင်းကိုပင် သူမလေး
ရှင်းရှင်းလင်းလင်း ကြားလိုက်မိသည်အထိ။
သူမနည်းနည်းလောက် ဆက်လှမ်းလိုက်သည်နှင့်။ ရီဝမ်ဝမ်။ လမ်းဘေးမီးတိုင်ရဲ့ လင်းထိန်ထိန် အလင်းရောင်အောက်တွင် ထိုသူရဲ့မျက်နှာကို မြင်သွားပါပြီ။
"စီရှား....?"
ဒီကောင် ညဥ့်နက်သန်းခေါင်ကြီး ဒီမှာဘာထွက်လုပ်နေတာလဲ?
ပြီးခဲ့သည့် တလောလေးကပင် သူမလေးသည် "နောက်ဆုံးအကွက်ကြီး"ကိုရွှေ့ထားခဲ့သည် ဖြစ်လေရာ။ အဲဒီကတည်းကအနှီကောင်လေးမှာသူမလေးနှင့် ခပ်ခွာခွာမှ နေခဲ့ခြင်းပါတည်း။ သူကိုယ်တိုင်သည်က တော်တော်ကလေး အလုပ်ရှုပ်နေမိလို့လည်း ဖြစ်ခြိမ့်မည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာ သူတို့တွေ စကားများများစားစားပင် ပြောဆိုမိကြခြင်းမရှိခဲ့ကြသည် ဖြစ်ရကား။ သူမ ။