စာစဉ် ၆ ( ၈ )
12.9K 1.1K 13
Book. : 6
Chapter. : 8
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၊ အခန်း၈ : ငါ့မမမဟုတ်ဘူး
ဒေါသတကြီးဟစ်အော်လိုက်ပြီးသည့်နောက်။ လေထုသည် အေးစက်ကာသေလောက်အောင် တိတ်ဆိတ်လို့ သွားတော့ချေပြီ။
ရီဝမ်ဝမ်၏မျက်နှာထက်ကချစ်ငွေ့တို့ သိုင်းယှက်နေခဲ့သည့် အမူအရာသည်လည်း ဒီရေအလားကွာကျသွားပြီးအေးစက်စက် ထူးမခြားနားအမူအရာ ဖြစ်သွားလေပြီ။
ရီဝမ်ဝမ်။ သူမဂါဝန်အဖြူလေးရဲ့ ကြိုးစလေးနှစ်ဖက်ကို စည်းနှောင်
လိုက်ပြီးဖြေးဖြေးချင်းထရပ်လိုက်ကာ။ အားအင်တို့ ကုန်ခမ်းလို့နေ
သည့်၊ ခန္ဓာကိုယ်ပေါ်တွင် မြက်တို့သလူးနေသည့်၊ ကြောက်ရွံ့မှုနှင့်ဒေါသထွက်မှုတို့ပြည့်လျှမ်းနေပါသည့် မျက်နှာပိုင်ရှင်ဆယ်ကျော်သက် ကောင်လေးကိုအေးစက်စွာစိုက်ကြည့်လိုက်ပြီး။
"ဟေး စီရှား၊ နင် သရုပ်ဆောင်လို့ ပြီးပြီလား?"
သူ။ ဒေါသတကြီးဖြင့် ခေါင်းကိုမော့ကြည့်လာကာ။
သူမအား မယုံမကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်တည်းမို့။
ရီဝမ်ဝမ်။ ရယ်ချမိလိုက်တော့ပြီး။
"သွေးပျက်မနေစမ်းပါနဲ့ဟ_ _ ငါလုပ်တဲ့အတိုင်း နင် လိုက်မလုပ်တာ ကိုထောက်ရင် နင်ကတော်တော်လေးကို စိတ်ထားကောင်းသားပဲ"
တစ်ဆက်တည်း။ ရီဝမ်ဝမ်။ တခနလောက် တန့်လိုက်ပြီး။
သူမရဲ့ ပြုံးစစမျက်နှာပေါ်တွင် လေးနက်တည်ကြည်မှုတို့ အစားထိုးဝင်ရောက်လာချေပြီး။ "နင် ဘာအကွက်တွေ ရွှေ့နေတာလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ နင်နဲ့စီရီဟန်အကြားမှာ ဘာဖြစ်ခဲ့ကြတယ်ဆိုတာကိုလည်းဂရုမစိုက်ဘူး။ ငါ့ကိုတော့ နင်တို့ပြသနာထဲကျေးဇူးပြုပြီးတော့ ဆွဲမထည့်စမ်းပါနဲ့။