စာစဉ် ၆ ( ၉ )
12.8K 1K 14
Book. : 6
Chapter. : 9
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၊ အခန်း၉ : စိတ်မပူပါနဲ့
အာရုံဦးမနက်ခင်းသာရှိသေးသည်မို့။
ကောင်းကင်တစ်ခွင်ကား ရောင်ခြည်တို့ ဖြိုးဖျနေပြီး ပြတင်းဘောင်တို့တွင် မြူခိုးတို့ ၊ ရေစက်တို့ကြောင့် စွတ်စိုလို့နေဆဲ။ ကျောင်းမြေပြင်တွင်ကား လူသူအရိပ်အယောင် ရှင်းလင်းလို့နေလျက်။
သို့သော်။ ကျန်းယန်ရန်။ ရီဝမ်ဝမ်ရဲ့ အကြည့်အတိုင်း လိုက်ကြည့်လိုက်လေရာ။ အောက်ဘက်၌ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ပါပြီ။
မိန်းကလေးဆောင်အောက်ဘက်တွင် တံခါးမှူးအလားမတ်တပ်ရပ်လို့နေသည့် ကောင်လေးတစ်ယောက်ပါတည်း။
ကျန်းယန်ရန် သတိပြုမိသွားသည်ကားသူသည်
မနေ့ညက ၀တ်စုံကို ၀တ်ဆင်ထားဆဲဖြစ်ခြင်းတည်းကို။
မနေ့တုန်းက ရီဝမ်ဝမ် ချူဖုန်းကိုဖုန်းဆက်ခဲ့တုန်းကသူသည် အိပ်ရာထဲရောက်နေပြီးသားပါတည်း။ သို့သော် အပြေးအလွှား ထွက်သွားခဲ့ခြင်း ဖြစ်လေရာ အ၀တ်အစားလဲဖို့ သူ့တွင် အချိန်မရှိခဲ့ခြင်းပင်။
သို့သော်ငြားလည်း။ ယခုကားမနက်ခင်းရောက်နေချေပြီ။ သူသည်ကားမနေ့က ၀တ်စုံနှင့်ပင် ရှိနေသေးဆဲ။
မနေ့ကသူ ပြန်မသွားဘဲနဲ့ အဲဒီမှာပဲ တစ်ညလုံးလုံး မတ်တပ်ရပ်နေခဲ့တာများလား?
ထိုအတွေးဖြင့်။ ကျန်းယန်ရန်။ သူမရဲ့နှလုံးသားလေးကိုတစ်ခုခုနဲ့ တိုက်စားခံလိုက်ရသလိုခံစားမိလိုက်ရတော့ကား။ ချာခနဲလှည့်ကာ အောက်ထပ်သို့ ပြေးဆင်းသွားတော့လေပြီ။
ရီဝမ်ဝမ်။ ကျန်းယန်ရန်၏ နောက်ကျောပြင်ကို ကြည့်လိုက်ရင်း။
သူမရဲ့မိန်းကလေးငယ်လေးသည် မိန်းမလေးအဖြစ်သို့ အရွယ် ရောက်သွားသည့်အလားတစ်မျိုးဘာသာခံစားမိသွားတော့ချေပြီ။