#Special Part#

45.4K 2.1K 257
                                    


(Zawgyi)

ပန်းရောင်ဖျော့ဖျော့ ည၀တ်အိပ် ဂါဝန်ပါးပါးလေးကို ရှက်ရွံ့စွာကိုင်လိုက်တော့ ပျို့ပါးပြင်ပေါ်ဝယ် စတော်ဘယ်ရီသီးရောင်လေး သန်းသွားတာ ရဲခနဲ...

"ဒါက အရမ်းကို ပါးပြီး တိုမနေဖူးလား Emily"

"ဘယ်လိုလုပ် ပါးရမလဲ ပျို ဒါမျိုးကို မောင့် အရှေ့မှာ ၀တ်ပြလိုက်ကြည့်...ပျို့ကို ဂရုမစိုက်တဲ့ သူ ချက်ချင်း ဂရုစိုက်သွားစေရမယ်...သွားဒါလေးဝင်ဝတ်ကြည့်"

ပြောပြီး Emily တစ်ယောက် ပျို့ ရဲ့ hand-bag လေးကို လှမ်းယူပေးကာ တုတ်ကောက်လေးကိုင်လျက် လမ်းလျှောက်နေသည့် ပျို့ကို တွဲပြီး fitting room ရှေ့ထိကို အတင်းတွန်းပို့နေလေ၏။

ဘယ်လောက်ပဲ တိုးတက်နေသော နိုင်ငံမှာ နေပါသည် ပြောပြော မြန်မာအင်္ကျီများသာ အ၀တ်များခဲ့သော ပျို...ဒီရောက်တော့လဲ လုံလုံခြုံခြုံများသာ ၀တ်ခဲ့သည့် ပျိုက အခုလိုလေးဝတ်ရမှာဆိုတော့ ရှက်မိသား...

"တော်ပါပြီ Emilyရယ် မ၀တ်ကြည့်တော့ဖူး...ဒါလေးလှတယ် မဟုတ်လား...လှရင် ဒါပဲယူလိုက်တော့မယ်"

လက်ထပ်ပြီး တစ်နှစ်ကြာတော့့မှ မောင်တစ်ယောက် ပျို့ကိုအရင်ကလို ဂရုမစိုက်တော့သလို ခံစားလာရ၏...ဒါဟာ ဘာ့ကြောင့်ဆိုတာ ပျိုလဲ မသိ...မိန်းကလေး အချင်းချင်းမို့ ပျို့ကို ရိုးအီသွားတာများလား...လွန်ခဲ့သော လအနဲငယ်ကမှ ၀ှီးချဲလွတ်သွားလို့ ဂရုစိုက်စရာ မလိုတော့ဖူးလို့ သတ်မှတ်လိုက်လို့များလား ပျို နားမလည်...

မနက်ဆို အစောကြီးရုံးထသွား...ညဆို ၇နာရီ၈နာရီလောက်မှ ပြန်လာတတ်သော မောင့်ကို ပျို အပြစ်မမြင်ရက်...မေးလိုက်တိုင်းလဲ အခုတလော အလုပ်တွေ အရမ်းရှုပ်နေလို့ပါ မမရယ် ဆိုသည့် စကားတစ်ခွန်းသာ အမြဲလက်ကိုင်ထားတတ်သည့် မောင်...

သူများနိုင်ငံမှာ အလုပ်လုပ်ရတာကြောင့်ပါလို့ပဲ မှတ်ယူရင်း ပျို ဖြေသိမ့်ခဲ့ရသည်။ တုတ်ကောက်ဖြင့် လမ်းလျှောက်၍ ရလာသည့် ပျိုက မောင့်မိတ်ဆွေ Emily အကူအညီဖြင့်ပင် ဘိုးဘွားရိပ်သာ တစ်ခုတွင် အချိန်ပိုင်းဆရာဝန် အနေဖြင့် လုပ်နေတာဖြစ်သည့် အတွက် Emily ဖြင့် ရင်းနှီးခဲ့ပြီး မောင် ပျို့အပေါ် အနေအေးစွာ ဆက်ဆံသည့် အကြောင်းကို ရင်ဖွင့်တိုင်ပင်တော့ အခုလိုပင် မောင့် အရှေ့တွင် လှလှပပလေးများ ၀တ်ဖို့တိုက်တွန်းကာ တစ်ခါထဲ ၀ယ်ဖို့ခေါ်လာခြင်းပင်...

"ဟုတ်ကဲ့မမ"Where stories live. Discover now