စာစဉ် ၆ ( ၁၀ )
12.4K 1K 2
Book. : 6
Chapter. : 10
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၊ အခန်း၁၀ : ငါကလှတယ်
ကျောင်းခန်းမတွင် :
ဝတ်စုံတွေနဲ့ အဆင်တန်ဆာတွေအားလုံးအဆင်သင့်ဖြစ်နေကြပြီ ဖြစ်လေရာ။ လူတိုင်း ၀ိုင်းအုံလို့နေချေပြီး။ စိတ်လှုပ်ရှားစွာဖြင့် ကြည့်လို့နေကြပါ၏။
"၀ိုး ! ၀တ်စုံတွေအားလုံးက လှလိုက်ကြတာအရမ်းပဲဟာ!
အရမ်းကိုပဲ ထည်ဝါလိုက်ကြတာ!"
"ဒါတွေအားလုံးချန်းရွှေကိုပဲကျေးဇူးတင်ရမယ်။ သူမရဲ့အကူအညီကြောင့် ဒီဝတ်စုံတွေနဲ့ အဆင်တန်ဆာတွေကို ထုတ်လုပ်ရေးအဖွဲ့
ကနေ ငှားလို့ရခဲ့တာဟ! အချိန်ရောက်လာလို့ရှိရင် ငါတို့အတန်းရဲ့ ပါဖောမန့်စ်က သေချာပေါက်ကို ရင်သပ်ရှုမောစရာအကောင်းဆုံး ဖြစ်နေမှာပဲ!"
"နင်ပဲစိတ်ကူးတွေယဉ်နေ! အ၀တ်အစားတွေနဲ့ အဆင်တန်ဆာ တွေက ဘယ်လောက်ပဲ ငေးမောစရာကောင်းနေနေ ။ ရီဝမ်ဝမ်ရဲ့ အတိုင်းထက်အလွန်ကို ကြောက်စရာကောင်းလှတဲ့ မျက်နှာကြီး
ကို အဲဒါတွေကိုဖုံးပေးနိုင်မှာမဟုတ်ဘူးဟ၊ ဟုတ်ပီလား ?"
"ငါတော့ဟာ အဲဒီရုပ်ဆိုးမနဲ့ပတ်သက်လို့ ဘာဆိုဘာမှကို ပြောချင်စိတ်မရှိတော့ဘူး။ ဘယ်နှယ့်ဟာ။ အရှက်မရှိမျက်နှာပြောင်တိုက်ပြီးတော့ စနှိုးဝှိုက်နေရာကို ယူထားသေးတယ်။ ချန်းရွှေကိုများ ဘုရင်မဆိုးကြီး နေရာကနေအတင်းသရုပ်ဆောင်ခိုင်းလိုက်သေးတယ်။ ဘယ့်နှယ့်?!"
"အဲ့တော့ရောဘာဖြစ်လဲဟယ်? ယှဉ်မကြည့်ဘဲနဲ့ မသိလာကြဘူး -- ငါတို့ရွှေလေးကသေချာပေါက်ကိုသမိုင်းထဲကအချောမောဆုံးဘုရင်မ
လေးဖြစ်လာလိမ့်မပေါ့ဟ !"
ဒီအခိုက်။ နံဘေးနားကတစ်ယောက်ယောက်သည်