စာစဉ် ၆ ( ၁၁ )
12.2K 1K 3
Book. : 6
Chapter. : 11
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၊ အခန်း၁၁ :သောက်ပါးစပ်ကိုပိတ်ထားစမ်း
ချန်းရွှေသည်ကတော့ ဘုရင်မအ၀တ်အစားကို ၀တ်ဆင်လို့ထားပါ၏။ သူမ၏မိတ်ကပ်နှင့် ၀တ်စုံကြောင့် သူမရဲ့မျက်နှာလေးမှာပိုလို့ပင် ချောမွတ်ကာလှပလို့နေချေပြီ။
နံဘေးတွင်။ စီရှားကိုစောင့်စားနေကြပါသည့် မိန်းကလေးပရိတ်သတ်တို့ အပြင်။ အလှဘုရင်မလေးချန်းရွှေကိုအားပေးနေကြပါသည့် ယောက်ျား လေးထုကြီးသည်လည်း ရှိနေပါ၏။ ဒီအခိုက်။ သူတို့အားလုံး။ လမင်းကြီးနား ၀ိုင်းဖွဲ့နေကြသည့် မရေမတွက်နိုင်စွာသော ကြယ်စုကြယ်ဝေးကြီးပမာ။ သူမလေးနား ၀ိုင်းအုံဖွဲ့လို့ နေကြသည်တည့်။ သူမအားချီးမွမ်းပြောဆိုကာ သူမရဲ့ဓာတ်ပုံတို့ကို ရိုက်ယူနေသည်မှာကားတဖျတ်ဖျတ်နှင့်။
ချန်းရွှေသည်ကား။ သူမအားရဖို့ကြိုးစားနေကြပါသည့် ထိုအနှီယောက်ျားတစ်သိုက်ကို လုံးဝပင် စိတ်ဝင်စားခြင်းမရှိဘဲ။ ၀င်ပေါက်ဘက်ဆီကိုသာ လည်တဆန့်ဆန့်ဖြင့်။
သူမစောင့်မျှော်လင့်နေခဲ့ရပါသည့် သူသည်ကားနောက်ဆုံးတွင်တော့ ပေါ်ချလာပါပြီ။ ချက်ချင်းဆိုသလိုပင်။ မျက်လုံးတို့ ၀င်းပသွားတော့သည့် ချန်းရွှေ။ သူမရဲ့ဂါဝန်ကြီးကိုမ,ကာ မ,ကာဖြင့်။ လျှောက်သွားတော့ပြီး။ "စီရှား ! နင် ရောက်လာပြီ !"
သူမသည်ကားအနည်းငယ်ရှက်သွေးတို့ ဖြာနေပြီး မျှော်လင့်ချက် ရောင်ခြည်သမ်းသည့် အကြည့်တို့ဖြင့် သူ့အား ကြည့်လို့နေပါ၏။
သို့သော်။ စီရှား။ ယောက်ျားလေးများစွာ၏ အာရုံကိုဖမ်းစားနိုင်ခဲ့သည့် သူမရဲ့ဝတ်စုံကို တစ်ချက်ကလေးမျှပင် ကြည့်ခြင်းမရှိ။ လူတိုင်းအပေါ် အကြည့်တို့ ဖြန့်ကျက်ဝေ့၀ိုက်လိုက်ပြီး သူ့ရဲ့အကြည့်တို့ အခြေကျ ရပ်တန့်သွားသည့်နေရာသည်ကား။ လူအုပ်ကြီး၏အနောက်ဘက်မှ မိန်းကလေးထံသို့ တည့်တည့်မတ်မတ်၊ ရီ ၀မ် ၀မ်။