စာစဉ် ၆ ( ၁၂ )
12K 1K 0
Book. : 6
Chapter. : 12
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၊ အခန်း ၁၂ : စီရှားမူးလဲသွားပြီ
ထူးဆန်းသည့်လေထုကြီးနှင့်ပင်။
ရီဟာဇယ်ကား အဆုံးသတ်သွားခဲ့ချေပြီ။
သူမကိုစိုက်ကြည့်နေရုံကလွဲလျှင် စီရှားသည် ဘာကိုမှ ထပ်မလုပ်လာ သည်တည်းမို့။ ရီဝမ်ဝမ် သူ့ဆီသွားကာ ဒေါပွမ်ပစ်လိုက်လို့ မရချေပြီ။
နောက်ဆုံးတွင်။ နောက်ဆုံးအခန်းအနမ်းပေးခန်းကို အစမ်းတိုက်ပြီး ကြပြီမို့ ရီဟာဇယ်လည်း ပြီးသွားတော့ပြီဖြစ်လေရာ။ ရီဝမ်ဝမ် ထွက်ပြေး သွားတော့ဖို့ ပြင်လိုက်ပါစဉ်။ စီရှား။ ဆိုင်းမဆင့်ဘုံမဆင့်။ မြေကြီးပေါ် ပုံလဲကျသွားတော့လေပြီ။
"စီရှား"
"အား! လုပ်ကြပါဦးဟ ! စီရှားမူးလဲသွားပြီ !"
"တစ်ယောက်ယောက် ကူညီပေးကြပါဦး !"
အော်သံ၊ ဟစ်သံတို့ဖြင့် ဆူညံပွက်လောရိုက်သွားတော့လေပြီ။ လူတိုင်းစီရှားအနားကို ၀ိုင်းအုံလာကြတော့လေရာ လုံးဝအတိကို ရှုပ်ယှက်ခတ်ကုန်ကြတော့ပြီ ဖြစ်ရာ။ ရီဝမ်ဝမ်။ ဆွံ့အမင်သက်သွား တော့ပြီး ဆိုးဆိုးဝါးဝါးကြီးအပြစ်ရှိနေသယောင် ခံစားမိလိုက်ပါတော့၏။
ဒီကောင် အခုကဘာဖြစ်ပြန်တာလဲ ?
ဖန်သားပြင်ကန်တော့ပလ္လင်ပေါ် လှဲနေပါသည့်ရီဝမ်ဝမ်။
လူအုပ်ကြီးရဲ့ နေရာဟဟလေးကနေစီရှားကိုလှမ်းကြည့်လိုက်ပါတော့၏။ သူမ မြင်လိုက်ရသည်ကား။ သူသည် ဖျော့တော့လို့နေပြီးနာကျင်စွာဖြင့် ကြမ်းပြင်ပေါ်မှာကွေးနေကာအသက်ရှူသံတို့မှာ မြန်သထက်ကို မြန်လာနေခြင်းကို။
ရီဝမ်ဝမ် အံ့သြသွားမိပါတော့၏။
ဒါ သူဟန်ဆောင်နေတာမဟုတ်သလိုပဲ....