စာစဉ် ၆ ( ၁၃ )
12.2K 1.1K 3
Book. : 6
Chapter. : 13
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၊ အခန်း ၁၃ :ရုပ်ဆိုးမ မဟုတ်ဘူး
ရီဝမ်ဝမ်သူ့အား ဆွဲထူပေးလိုက်ပါပြီဆိုသည်နှင့်။
သူ သူမလေးအပေါ် အေးစက်ခြင်းတို့ မရှိတော့ဘဲ သူမလေး
ရဲ့ ပုခုံးထက်တွင် သူ့ဝိတ်ကြီးကို တင်ထားလိုက်တော့ကား။ သူ့၏အသက်ရှူသံတို့မှာ သူမလည်တိုင်တွင် မြန်ဆန်စွာ တဟူးဟူးတိုက်လို့နေလျက်။
မလိုမုန်းထားအမုန်းတရားတို့ပါလေသည့် အကြည့်တို့အောက်တွင် ရီဝမ်ဝမ်။ အမှန်တကယ်ပင် သူ့အား လူအုပ်ကြီးဘက် ပစ်လွှဲပို့ပစ် လိုက်ချင်စိတ် ပေါက်သွားရတော့သည်တည့်။
နင်တို့တွေ ဒီလောက်တောင်မှ လုပ်ပေးချင်နေမှတော့
ဘာလို့ နင်တို့အားလုံး သူ့ကို ကူမသယ်ပေးကြတာလဲ ?
ဒီအလှလေးကိုငါတစ်ယောက်တည်းမနိုင်ဘူးလေဟယ် !
လျှပ်တစ်ပြက်အတွင်း။ သူမ ။
သူ့အား ဆေးခန်းကုတင်ပေါ်သို့ ပို့ပေးနိုင်ခဲ့ချေပြီ။
ကျောင်းဆရာဝန်သည် မြန်မြန်သွက်သွက်ပင်။
စီရှားအား စစ်ဆေးမှုပြုလုပ်ပါတော့၏။
"၃၉.၅ ဒီဂရီ။ အပူကြီးတယ် -- သူပုလင်းကြီးချိတ်ဖို့လိုတယ် ! သူ ရှော့အကြီးကြီးတစ်ခုရခဲ့ပြီး စိတ်ကိုတော်တော်ကြီး ဖိအားပေးထား ခဲ့ရလို့ ဖြစ်နိုင်တယ်။ သူအခုကောင်းကောင်း အနားယူပစ်မှ ရမယ်။ ပြီးတော့ နောက်တစ်ခါ ထပ်ပြီးတော့ သူ့ကိုစိတ်မပင်ပန်းစေဖို့ သတိထားပေးကြပါ !"
ဒေါက်တာကား ခပ်မာမာသတိပေးလိုက်ခြင်းပါတည်း။
အာ။ အဖျားကြီး၊ စိတ်ဒဏ်ရာ၊ ပင်ပန်းနွမ်းနယ်....
ဒေါက်တာရဲ့စကားတို့ကို ကြားလိုက်ရသည့်အခါ။
ရီဝမ်ဝမ်။ ပိုလို့၊ ပိုလို့ပင် အပြစ်ရှိသလိုခံစားသွားခဲ့ရပြီး။