"ဒိုင်ယာရီ ထဲက လွမ်းနေမယ် နွယ်"

6 1 0
                                    

(၁)
.....

နာကြည်းခြင်းတွေနဲ့
တင်းတင်းစေ့ပိတ်ထားတဲ့ငါ့ရင်ဘတ်တစ်နေရာမှာ

သံယောဇဉ် ပြတင်းပေါက်လေးတစ်ပေါက်
လှစ်ဟနေခဲ့တာကို ငါမသိခဲ့ဘူး

ငါလေအခုထိ ဒီပြတင်းတံခါးလေးကို
ပြန်မပိတ်ဖြစ်တော့ဘူး နွယ်.....။

(၂)
.....

အမှောင်ထဲမှာ
လှောင်ပိတ်ခံထားရတဲ့ စိတ်ဆိုတာ
ရုန်းကန်လို့ ဖွင့်ထွက်ချင်ပေမယ့်
သံယောဇဉ် ချည်တိုင်ကြိုးကြောင့်
မွမ်းကျပ်လို့ ယူကျုံးမရ ဖြစ်တဲ့အခါ

ဒီ သံယောဇဉ်တွေကို
တစ်ခြံလုံးဝေနေတဲ့ နှင်းဆီတွေနဲ့
ငါ အစားထိုးပြစ်လိုက်တယ်

"နင်သိလား နွယ်"

နင်ချစ်တဲ့ နှင်းဆီပွင့်ဖတ်တွေထဲမှာ
ငါ့နှလုံးသားကိုပါ တူးဆွ စိုက်ပျိုးထားခဲ့တာ...။

(၃)
.....

သံယောဇဉ် တွယ်တာမှုနဲ့
ဖြစ်တည်တဲ့ ချစ်ခြင်းဟာ
ချစ်သူတိုင်း ဖြတ်ဖို့ ခဲယဉ်းတာကို
ချစ်တက်တဲ့သူတွေသာ အသိဆုံးပါ နွယ်

ကံကြမ္မာ ကျီစားသန်လို့
နွယ့် မျက်ဝန်းနက်တွေ ကွယ်ပျောက်ခဲ့ရတယ်
ွနွယ့် အပြုံးချို တွေ ဆုံးရှူံး ခဲ့ရတယ်
ဘဝလက်တွဲဖော် ချစ်ရသူကိုလည်း ချန်ရစ်ခဲ့ရတယ်

ဒီတစ်ခါ ထပ်ပြီး
ကံကြမ္မာ ကျီစားမယ်ဆိုရင်
အချစ်ဆိုတဲ့အရာကို
တစ်သက်လုံး သိုသိပ် ၊
နှုတ်ဆိတ်ပြီး နေသွားရတော့မယ်....။

(၄)
.....

နွယ် နဲ့ဝေးဖို့ ကံကြမ္မာက
အသေအချာ ဖန်လာတဲ့အခါ

လေလွင့်သွားတဲ့ စိတ်ကို
ရင်ဘတ်ထဲ ပြန်မထည့်နိုင်ခဲ့လို့
အလွမ်းတွေဟာ
အတွေးနဲ့ အဆွေးကြားမှာ
လွန်ဆွဲနေကြပြီ

အိပ်စက်ခြင်းနဲ့ မထိတွေ့နိုင်တော့တဲ့အခါ
ကျွန်တော့်ဘေးနားမှာ
နွယ့် နာမည်တွေကို ဖြန့်ခင်းထားလိုက်တယ်

နွယ့် ရီသံတွေ ကျွန်တော့်ရင်ငွေ့နဲ့
ထာဝရရွှင်လန်းပါစေ နွယ်......။

နွန်း
.................................................................

နွယ်(ကဗျာရည်)Where stories live. Discover now