"ခွဲခွာခြင်းမှ ဝေးလွင့်ခြင်းသို့.. နွယ်"

22 1 0
                                    

(၁)

မှောင်မိုက်လွန်းတဲ့ ကောင်းကင်ပြင်က
ဝတ်ရုံနက်ကို လွှမ်းခြုံ ထားလို့
လရောင်ကို ရှာမတွေ့နိုင်သလို
ကျွန်တော် ကိုယ်တိုင်ဟာလည်း
အမှောင်ထဲမှာ ရပ်နေမိခဲ့တယ်....။

သူ့ ရင်ခွင်ဟာ လရောင်ဆိုတာကို သိနေပါလျက်
သူ့ ရင်ခွင်ဟာ အေးမြတယ်ဆိုတာ သိနေပါလျက်

တကယ်တမ်း လရောင်တွေ
ကိုယ်ပေါ်ကိုဖြာကျတဲ့အခါ
ကျွန်တော် ကိုယ်တိုင်ကိုက
အမှောင်ထဲကို ဇွတ်တိုးဝင်ခဲ့မိတာပါ...။

(၂)

နှလုံးသားကြိုးကို ညှိချင်ပေမယ့်
အက်ကွဲနေတဲ့အသံတွေက အချစ်ရဲ့ခြေရင်းမှာ
လွယ်လွယ်နဲ့ ကြေကွဲသွားကြပြီ

"ငါတို့ ထပ်မတွေ့ပဲနေကြရအောင် နွယ်"

ပင့်သက်ရှိုက်သံကြားထဲမှာ
သံယောဇဉ်ဆက်ထုံးကြိုးလေးက
လျော့တိလျော့ရဲနဲ့ ပြေကျသွားခဲ့သလိုပေါ့

တစ်ချိန်က
ငါ့အတွက်ပင်ပန်းခဲ့တယ်ဆိုတဲ့.... နွယ်
အခုပဲဖြစ်ဖြစ်
ငါ့မျက်ရည်တွေကိုကျောခင်းပြီးအနားယူပါ....နွယ်

(၃)

မင်း မျက်ရည် ကြွေနုနုက
ငါ့ပစ္စုပန်မှာ လာလာသည်းနေတော့

မျက်ရည်တွေကို ခူးမယ်လုပ်တိုင်း
တပေါက်ပေါက်နဲ့ ကြွေနေတယ်

အလွမ်းတွေကို ကြိုးနဲ့သီတိုင်း
တဆစ်ဆစ်နဲ့ နာနေတယ်

အရာအားလုံး....

နောက်ကျပြီးမှ လာရသူမို့
ရင်ကွဲပက်လက်ဖြစ်ရုံကလွဲ
ဘာများဖြေသိမ့်စရာ ရှိမလည်း နွယ်

စိတ်ထဲကတောင့်တမှုကို ဆန္ဒတွေက
မလိုက်ရောနိုင်တဲ့အခါ
ဘဝကြီးက ပူလောင်လွန်းလှတယ် နွယ်

ငါတို့နှစ်ယောက်ကြား
အတိတ်ကာလရဲ့ပုံရိပ်တွေဟာ
အနေဝေးနေပေမယ့်....
ရင်အစုံမှာ လာလာပွင့်နေအုံးမှာမို့

တစ်ချိန်က နူးညံ့လွန်းတဲ့ နွယ် ဟာလည်း
ရနံ့ဝှက်တက်တဲ့ ပန်းရိုင်းတစ်ပွင့်လို
ကြေကွဲစွာနဲ့ ပွင့်အာခဲ့ရပြီပေါ့...နွယ်.....။

နွန်း

You've reached the end of published parts.

⏰ Last updated: Apr 19, 2019 ⏰

Add this story to your Library to get notified about new parts!

နွယ်(ကဗျာရည်)Where stories live. Discover now