III(Zawgyi and Unicode)

2.4K 265 48
                                    

Seoulမြို့လယ်ရှိ ကုမ္ပဏီတစ်ခု၏ ရုံးခန်းတစ်နေရာတွင်ဖြစ်သည်။

*ဒုတ်*

"Namjoonရေ"

အခန်းထဲစစရောက်ကတည်းက တဒုတ်ဒုတိမြည်နေသည့် အသံကို အတန်ငယ်နားရှုက်လာသောကြောင့် ထူးထူးဆန်းဆန်းတွေ လုပ်နေသည်ကို ရပ်လိုရပ်ငြား တရားခံနာမည်ကို ခေါ်ကြည့်လိုက်သည်။

*ဒုတ်*

"Namjoon"

*ဒုတ်*

"Yah Kim Namjoon"

*ဒုတ်*

"ဟေ့ကောင်ရေ ငြိမ်ငြိမ်မနေနိုင်ဘူးလား"

လွန်ခဲ့တဲ့ 15မိနစ်ကတည်းက တဒုတ်ဒုတ်ထွက်နေသည့်အသံကို မခံနိုင်တော့သောအခါ ပေါက်ကွဲမိလေသည်။

"hyungဘာသိလို့လည်း ကျွန်တော် ခေါင်းတစ်ချက်လောက်ကွဲသွားမှ အဆင်ပြေမှာ"

"ဘာကြီး"

"Yoongi hyungခေါင်းကိုတစ်ချက်လောက်ရိုက်ပေးပါလား"

အခုရက်ပိုင်း Kim Namjoonတစ်ယောက် အားရင် ဆေးရုံသွားဖို့ပဲ လမ်းရှာနေပြီး မြောက်ကြွကြွနဲ့ ထူးဆန်းနေတာကို သိပေမယ့် ဒီလောက်အထိ ထူးဆန်းနေမှန်းတော့  Yoongi သတိမထားမိပါ။

"ဟေ့ကောင်ရေ မင်း တကယ်ပဲ ခေါင်းထိသွားတာလား"

"ရိုက်ပေးဆိုမှပဲ"

"ကျွန်တော်ရောက်ပြီ ဒါနဲ့ဘာတွေဖြစ်...."

"Hoseokရေ အဲဒီတစ်ယောက်ပုံမှန်မဟုတ်ဘူး"

"ရိုက်ပေးပါဆို ဘယ်နေရာထိထိ ရိုက်ပေး"

"ဘာ...ဘာတွေဖြစ်သွားတာလည်း"

"Hyung မရိုက်ဘူးလား နေ Hoseok ငါ့ကိုတစ်ချက်လောက်ထိုးလိုက်စမ်းပါ"

"Yoongi hyung သူဘာဖြစ်နေတာတုန်း"

"အာာာာ ထိုးလိုက်ပါဆို ငါဆေးရုံသွားရမယ်"

Bad Guy // NAMKOOK [UNDER EDITING]Where stories live. Discover now