စာစဉ် ၆ ( ၁၄ )
12.9K 1.2K 52
Book. : 6
Chapter. : 14
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၆၊ အခန်း၁၄ : သူ့ရဲ့ဘာကို ကြိုက်တာလဲ
အင်ပါရီယာမြို့တော်။ စီကော်ပိုရေးရှင်း :
ရွှီရီ။ ဖုန်းပြောပြီးသည်နှင့်။ သူ့ရဲ့အမူအရာမှာ ပြောင်းလဲသွားတော့ပြီး။ စိုးရိမ်တကောဖြင့်။ ရုံးခန်းတံခါးကို ဖွင့်လိုက်ရင်း။ "သခင်လေး ၉၊ ကျောင်းကနေ အခုလေးတင် ဖုန်းဆက်လာတယ်ခင်ဗျ။
သခင်လေး စီရှား။ မူးလဲကျလို့တဲ့!"
ဒါကို ကြားလိုက်သည်နှင့်။ စီရီဟန်။
စာရွက်စာတမ်းဖိုင်တစ်ထပ်ကြီးကနေ ခေါင်းကိုမော့လာပါပြီး။ တည့်တည့်ကြည့်ကာ ပြောလာသည်ကား။ "ကားထုတ်ထား"
"ဟုတ်ကဲ့ခင်ဗျ!"
ရွှီရီ။ တုန်လှုပ်လို့ နေလေပြီ။
သခင်လေးစီရှားဆိုသည်မှာကား ဆိုးသွမ်းပြီး အတိုက်အခံအမြဲလုပ်တတ်သူတည်းမို့။ သူသည် သူ့မိဘစကားကိုပင် နားမထောင်တတ်သူတည်းမို့။ သခင်မကြီးသည် သူ့အား ကြည့်ရှု စောင့်ရှောက်ပေးပါရန် သခင်လေးအား ညွှန်ကြားထားခဲ့ခြင်းပင်။ သူတစ်ခုခု ဖြစ်သွားပါက သခင်လေးတွင် တာဝန်ရှိနေလေပြီ။ သို့မဟုတ်ပါကလည်း သခင်မကြီး၏သံသယကို တိုးအောင် လုပ်မိသွားပေလိမ့်မည်တည်းမို့ပင်။
ချင်းဟော်၌။ စီရှား၏သရုပ်မှန်ကို ကျောင်းအုပ်ကြီးနှင့် ထိပ်တန်းအကြီးအကဲတို့သာ သိထားကြရကား။
စီရီဟန်ကိုယ်တိုင် ဆင်းချလာမည်ဟု ကြားလိုက်ကြသည့်အခါ။ ကျောင်းအုပ်ကြီးကိုယ်တိုင် ကျောင်းဂိတ်ပေါက်သို့ သွားကာ ။
သူ့အား သွားစောင့်တော့သည်တည့်။ စီရီဟန်ုရောက်လာသည်နှင့်။ သူကိုယ်တိုင်ပင် ကျောင်းဆေးပေးခန်းသို့ ကိုယ်တိုင်ကိုယ်ကျ