သူနဲ့​တွေ့ဆုံခြင်း

371 9 0
                                    

💋 အခန်း-၁💋

'သားရယ်...သားလေး'

အအောက်ထပ်မှ တက်လာရင်းက
ဒေါ်မူသစ္စ သားဖြစ်သူ...မင်းသက်
၏အခန်း ထဲဝင် ကာ...အိပ်နေသော
မင်းသက်...ကို မေမေ နိုးတင်ပါသည်။

'ထတော့...သားရယ် ကျောင်း
နောက်ကျနေမယ်...မြန်မြန်'

အသက် နိုးထလာရင်း...
မျက်လုံးများကို ပွတ်ခါ
အိပ်မွေ့ရှုပ်ခွားအရုပ် လေးနဲ့
ကလေးလေး တစ်ယောက်လိုပင်
အိပ်ယာက အခုမှ ထလာစ
ဆိုပေမဲ့လည်း အသက် ရဲ့နဂို
အလှသည် မိန်းကလေးပင် အရှုံး
ပေးရသည်အထိ....

အသားက ဖြူလဲမဖြူ မညိုလဲမညို
အပန်းရောင်လေး သန်းနေသည်ကကို
ဘယ်လိုကြည့်ကောင်းနေမှန်းမသိ။
ဝိုင်းစက်လှသော မျက်လုံးများနဲ့
မျက်ဝန်းနက်လေးက စွဲဆောင်မှု ရှိလှသည်။

မြောင်းမြောင်းလေးစဉ်းကျနေသည့်
နှာတံ လေးရဲ့အောက်တွင်
ပန်းနုရောင်သန်းနေသော
နှုတ်ခမ်းလွှာ နှစ်လွှာ သည်။
မိန်းကလေး တစ်ယောက်ရဲ့ နှုတ်ခမ်း
လေးလိုပင်။

'ဟုတ်မေမေ'

အသက်...ရေ ချိုးခန်းလေးထဲဝင်
သွားပါသည်။မေမေ ကတော့
အအောက်ထပ်ကို ဆင်းခါ
နံနက်စာ ဆင်းပြင်ဆင်နေသည်ပေါ့။

'မောနင်းဖွားဖွား...မွ 😘
မောနင်း ဖေဖေ ...မွ😘
မောနင်း မေမေ... မွ 😘
''

အသက် နံနက်စာစားနေကြသော
ဖွားဖွား ဖေဖေ မေမေ တို့ကို
အာဘွာ ပေးပြီး နေရာလွတ်လေးတွင်
ဝင်ထိုင်လိုက်သည်။

ဒါကတော့ နံနက်တိုင်း
လုပ်သည့်အလေ့အထပါပဲ။
ဒီတော့ ပျော်ရွှင် လှတဲ့..အသက်
တို့ရဲ့ မိသားစုလေးပေါ့နော်။

'သား'

'ပြောဖေဖေ'

'ကျောင်းမှာ လူတချို့နဲ့
ရောရောနှောနှောမနေရဘူးနော်'

ဖေဖေ မှာသည့်သဘော ကို အသက်နား
လည်ပါသည်။ အသက်မျိုး...
လူတချို့ နဲ့ ရောရောနှောနှော ခင်မင်ပြီး
အခွင့်ရေးယူတတ်တဲ့ သူငယ်ချင်းမျိုး
ဖြစ်လာလျှင် အိမ်ပေါ်တက်လိုက်လာပြီး
အခွင့်ရေးတအားယူမှာ စိုးလို့ပင်။

ဂုဏ်ထည်ဝါ...စံအိမ်ကြီးသည်။
ယခင်ကတည်းက...တခြားလူ
များပိုင်းစိုးပိုင်နက် ဝင်ချင်း
ခွင့်မပြုချင်းမှာ ဘိုးဘွား အဆက်ဆက်က
စည်းကမ်းချက်တစ်ခုပင်။
ဟိုး အရင်ကတည်းကသူဌေးတွေ
ဖြစ်ပြီး မပြောပလောက်အောင်ချမ်း
သာကြသောသူတွေဖြစ်သည်။

Love SickTempat cerita menjadi hidup. Temukan sekarang